Android ဂိမ်းတွေဟာ ယခင်တုန်းက PC မှာ ဆော့ကစားနိုင်ဖို့အတွက် သီးသန့် Emulator Software တွေကို အသုံးပြုပြီး ဆော့ကစားရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Windows PC တွေပေါ်မှာ Android ဂိမ်းတွေကို တရားဝင်ဆော့ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Google ကနေ Windows OS အတွက် Play Games App ကို Beta အနေနဲ့ တရားဝင်မိတ်ဆက်လိုက်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ရရှိနိုင်မယ့် Region က အနည်းငယ်ပဲရှိနေပါသေးတယ်။

အခုလိုမျိုး Google Play Games ကို Windows PC မှာ မိတ်ဆက်လိုက်တာကြောင့် နောက်ပိုင်းမှာ လက်ရှိ Google Play Store မှာရှိတဲ့ ဂိမ်းတော်တော်များများကို ဆော့ကစားနိုင်မှာဖြစ်ပြီး Asphalt 9: Legends ၊ Idle Heros ၊ Summoners War နဲ့ Mobile Legends: Bang Bang လိုမျိုး ဂိမ်းတွေလည်းပါဝင်မှာဖြစ်ပါတယ်။ ပုံမှန် Touch Screen Input အပြင် Keyboard နဲ့ Mouse Support ကိုလည်း ထောက်ပံ့ပေးထားမယ်လို့သိရပါတယ်။

Windows PC ပေါ်မှာ Google Play Games ကို အသုံးပြုနိုင်ဖို့အတွက်ကတော့ Windows 10 (ver 2004) နဲ့အထက်ရှိဖို့လိုအပ်ပြီး 8-Core CPU ၊ 8GB RAM နဲ့ သီးသန့် Graphic Card ပါဝင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကွန်ပျူတာတွေအများအပြားမှာ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

လောလောဆယ်မှာတော့ Google Play Games Beta for Windows PC ကို South Korea ၊ Taiwan နဲ့ Hong Kong နိုင်ငံမှာ အရင်ဆုံးအသုံးပြုနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားသော Region တွေမှာ ရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – 9to5Google