Google ကနေ ပြီးခဲ့တဲ့မေလတုန်းက Google Play Music ကနေ YouTube Music ကို လုံးဝပြောင်းလဲလိုက်ပြီဆိုပြီး ကြေညာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Transfer Tool ကိုပါ ထုတ်ပေးခဲ့ပြီး အခုအချိန်မှာတော့ Google Play Music ကို ပိတ်သိမ်းမယ့်အချိန်ကိုပါ ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ ယခုသြဂုတ်လအတွင်းကစတင်ပြီးတော့ Play Store ကနေ သီချင်းတွေကို ဝယ်ယူနိုင်ခြင်းရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ သီချင်းတွေအများအပြားကို Upload နဲ့ Download ပြုလုပ်နိုင်တဲ့ Music Manager Desktop App ကိုလည်း ယခုလအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Google အနေနဲ့ အခုလိုမျိုး သီချင်းတစ်ပုဒ်ချင်းစီ သို့မဟုတ် Album တစ်ခုစီဝယ်ယူနိုင်တဲ့ Play Music လိုမျိုး Service တွေကို ပိတ်သိမ်းလိုက်တာက Streaming Service တွေက ပိုပြီးအောင်မြင်နေတယ်ဆိုတာကို လက်ခံလိုက်တာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကိုယ်ပိုင် Audio File တွေကိုနားထောင်ချင်တယ်ဆိုရင်တော့ iTunes နဲ့ Amazon လိုမျိုး Service တွေကိုပဲ ပြောင်းလဲအသုံးပြုရမယ်လို့ သိရပါတယ်။ ဒါမှမဟုတ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ခဲ့တဲ့ YouTube Music Cloud Locker မှာ Web ကနေတစ်ဆင့် User Upload တွေကို Support ပေးနိုင်မှာဖြစ်ပါတယ်။

Google Play Music Service အနေနဲ့ကတော့ လာမယ့်စက်တင်ဘာလမှာ New Zealand နဲ့ South Africa မှာရှိတဲ့အသုံးပြုနေတဲ့သူတွေအနေနဲ့ ဆက်လက်အသုံးပြုနိုင်မှာမဟုတ်တော့ဘဲ ကျန်တဲ့နိုင်ငံတွေအနေနဲ့ကတော့ အောက်တိုဘာလမှာ အပြီးတိုင်ပိတ်သိမ်းသွားမယ်လို့ သိရှိရပါတယ်။

Ref – 9to5Google