၂၀၂၀ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ စမတ်ဖုန်း အသုံးပြုမှုဟာ အရင်နှစ် ကွာတား ၃ မှာထက် အများကြီး ပိုများလာပါတယ်။ ဒါဟာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့်လို့ ပြောရင် မမှားပါဘူး။ App Download လုပ်တဲ့ အရေအတွက်ဟာဆိုရင် ဒီထက်ကို ပိုများလာတာပါ။ ဒီနှစ် ကွာတား ၃ မှာ Google Play Store မှာ App Download လုပ်တဲ့ အရေအတွက်ဟာ ၂၈.၃ ဘီလီယမ် ရှိခဲ့ပါတယ်။ ဒါဟာ အရင်နှစ် ကွာတား ၃ ကထက် ၃၁ ရာခိုင်နှုန်း မြင့်မားလာတာပါ။ Apple App Store မှာ ကွာတား ၃ အတွင်း App Download လုပ်တဲ့ အရေအတွက်ဟာ ၈.၂ ဘီလီယမ်ပဲ ရှိတဲ့ အတွက် Google Play Store က ၃ ဆကျော် ပိုများနေတာပါ။

ဒီနှစ်အစကတည်းကနေ စက်တင်ဘာလကုန် အထိ Google Play Store မှာ App Download လုပ်တဲ့ အရေအတွက်ဟာ ၈၀.၆ ဘီလီယမ်တောင် ရှိခဲ့ပြီး Apple App Store မှာတော့ ကွာတား ၃ ခု ဆက်တိုက် ပေါင်းတာတောင် ၂၆.၆ ဘီလီယမ်ပဲ ရှိခဲ့ပါတယ်။ အရေအတွက်က အပြတ်အသတ် ကွာဟနေတာပါ။

အခု စစ်တမ်းကပဲ Google Play Store ဟာ App အများဆုံးရှိတဲ့ App Store ဖြစ်ပြီး App စုစုပေါင်း ၂.၇ သန်းကျော် ရှိပါတယ်။ Apple App Store မှာတော့ ၁.၈၂ သန်းပဲ ရှိပါတယ်။ Google Play Store မှာ Download လုပ်မှု အများဆုံး Category က Gaming ဖြစ်ပြီး ၁၃.၄၉ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီနောက်မှာ Education က ၉.၁၁ ရာခိုင်နှုန်း၊ Business က ၆.၉၅ ရာခိုင်နှုန်း ရှိပါတယ်။

Ref : gsmarena