Google Play Store ဟာပြီးခဲ့တဲ့လပိုင်းတုန်းက Dark Theme အပြင် UI Design ပိုင်းကိုပါ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ အခုလည်း Google Play Store ရဲ့ Section တစ်ခုဖြစ်တဲ့ “Categories” Section ကိုပါ ထပ်ပြီး Design ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။

Design ပြောင်းလဲလိုက်တဲ့ Categories Section ဟာ အဓိကပြောင်းလဲမှုအနေနဲ့ အရောင်ကို အစိမ်းရောင်အရင့်အစား ပိုပြီး ဖျော့တာတွေကို အသုံးပြုလိုက်တာဖြစ်ပါတယ်။ ယခင်တုန်းကပါဝင်တဲ့ Top Categories လည်းပါဝင်တော့မှာမဟုတ်ဘဲ Categories အကုန်လုံးကိုပဲ ပိုပြီးရှင်းလင်းတဲ့ Icon အသစ်တွေနဲ့ မြင်တွေ့ရမှာပါ။

အဆိုပါ Design ပြောင်းလဲမှုမှာ Category နာမည်တစ်ခုနဲ့တစ်ခုလည်း အရမ်းကပ်နေတာမျိုးမရှိတော့တဲ့အတွက် ရွေးချယ်တဲ့အချိန်မှာလည်း ပိုပြီးလွယ်ကူလာစေပါတယ်။ နောက်ထပ် Family သို့မဟုတ် Kids Section ထဲမှာလည်း ကလေးတွေရဲ့ အသက်အရွယ်အပေါ်မှုတည်ပြီး လိုက်ဖက်တဲ့ App တွေကို ခွဲခြားပေးနိုင်တဲ့ Feature အသစ်ကိုပါ ထည့်သွင်းထားပါသေးတယ်။

ဒါပေမယ့်လည်း ကျန်တဲ့ Section တွေကိုတော့ ပြောင်းလဲခြင်းမရှိဘဲ ပုံမှန် “For You” နဲ့ “Top Charts” တွေမှာ ယခင်ပုံစံအတိုင်းပဲ App Icon တွေကိုပဲ List View နဲ့ ဖော်ပြသွားမှာဖြစ်ပါတယ်။ ယခု Play Store ရဲ့ Design ပြောင်းလဲမှုဟာ ကြီးမားတဲ့ပြောင်းလဲမှုမဟုတ်ပေမယ့်လည်း အသုံးပြုသူတွေအတွက်ကတော့ App တွေရှာဖွေတဲ့နေရာမှာ ပိုပြီးလွယ်ကူသွားစေမှာပါ။

Ref – 9to5Google