Google က Pixel 4a ကို ကြေညာပြီးနောက်မှာ ကြော်ငြာ ဗီဒီယို ၃ ခုကို မျှဝေလိုက်ပါတယ်။ ၁ ခုမှာ ဖုန်း ဒီဇိုင်း၊ နောက် ၁ ခုမှာ လုပ်ဆောင်ချက်တွေကို ပြသထားပြီး နောက်ဆုံး ၁ ခုမှာ မင်းသား Fred Armisen က ကင်မရာ စွမ်းရည်တွေကို ပြောပြထားပါတယ်။

ကြော်ငြာမှာ Duo Video Calls လို Google Services ၊ Astrophotography ကင်မရာ Mode လို Google ရဲ့ ဓါတ်ပုံ  စွမ်းရည်နဲ့ ဘက်ထရီ သက်တမ်း ကြာရှည်မှုတွေကို ပြသထားပါတယ်။ Pixel 4a ကို ၃၄၉ ဒေါ်လာသတ်မှတ်ထားပြီး Apple iPhone SE (2020) ထက် ဈေးသက်သာပါတယ်။ 128GB Storage Version ကို မြန်မာငွေ ၄ သိန်း ၇ သောင်းလောက် ကျသင့်ပြီး iPhone SE ထက် ၂ ဆလောက် Storage ပိုများပါတယ်။

Pixel 4a ဟာ စွမ်းဆောင်ရည် အပိုင်းမှာ iPhone SE ကို မယှဉ်နိုင်ပေမယ့် ဘက်ထရီ သက်တမ်း ပိုကောင်းပါတယ်။ ဒါ့အပြင် ကင်မရာနဲ့ ‌ဆော့ဖ်ဝဲ စွမ်းရည်တွေ ပိုအားသာပါတယ်။

Pixel 4a မှာ ၅.၈၁ လက်မ AMOLED မျက်နှာပြင်၊ Snapdragon 730G Chipset နဲ့ 6GB RAM ပါလာပြီး 128GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ AI အခြေပြု ကင်မရာ လုပ်ဆောင်ချက်တွေ ထည့်ထားပြီး အနက်ရောင် ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ အဖြူရောင် မော်ဒယ်ကို နောက်ပိုင်းမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena