Google ရဲ့ Wear OS အသုံးပြု Smartwatch တွေဟာ နှစ်ကုန်ပိုင်းမှာ ကြီးမားတဲ့ Update တစ်ခုရရှိလာတော့မှာဖြစ်ပါတယ်။ အဆိုပါ Update ဟာ စမတ်ဖုန်းတွေအတွက် Android 11 Update လိုမျိုးပဲ အပြင်ပန်းပြောင်းလဲမှုတွေထဲ Software ပိုင်း Improvement တွေပြုလုပ်ထားမယ်လို့ သိရပါတယ်။

အဓိက Improvement ပြုလုပ်သွားမယ့်အချက်တွေကတော့ Speed ပိုမြန်ဆန်စေဖို့၊ Pairing ပြုလုပ်တာ လွယ်ကူစေဖို့နဲ့ Weather App အသစ်တွေကိုထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ CPU ပိုင်းအတွက်လည်း အဆင့်မြှင့်တင်ထားခဲ့ပြီး Application တွေကို ဖွင့်တဲ့အချိန်ဟာ ၂၀ ရာခိုင်နှုန်းအထိကို ပိုပြီး မြန်ဆန်လာစေမှာပါ။

ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်သွားခဲ့တဲ့ Qualcomm Snapdragon 4100 နဲ့ 4100 Plus Chipset တွေအတွက်လည်း Support ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အဆိုပါ Chipset အသစ်တွေအသုံးပြုထားတဲ့ Smartwatch တွေမှာ ယခု Update က သိသိသာသာကို သွက်လက်နေမှာဖြစ်ပါတယ်။

Google ကတော့ UI Element တွေကိုပါ Watch Mode နဲ့ Workout တွေအတွက် ပိုပြီး သုံးရလွယ်ကူအောင် ပြန်လည်ပြင်ဆင်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ်လည်း Pairing ပြုလုပ်တဲ့အချိန်မှာ ပိုပြီးလွယ်ကူလာဦးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Feature တွေကိုတော့ ဘယ်လိုပုံစံမျိုးရှိလာမလဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ ယခု Wear OS Update အသစ်ဟာ လာမယ့်နှစ်ကုန်ပိုင်းမှာ ရရှိလာမယ်လို့ ပြောကြားခဲ့တဲ့အတွက် အဆိုပါအချိန်မှာ နောက်ထပ် Wear OS ကို အသုံးပြုထားတဲ့ Smartwatch အသစ်တွေပါ ထွက်ရှိလာနိုင်ပါတယ်။

Ref – The Verge