Google Earth နဲ့ Earth Pro ရဲ့ Web ဗားရှင်းနှစ်ခုစလုံးမှာ အသုံးပြုသူတွေကို ညဘက်ကောင်းကင်ထက်က ကြယ်တွေ ကြည့်မြင်ခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Earth app မိုလ်ဘိုင်းဗားရှင်းမှာတော့ ဒီလုပ်ဆောင်ချက်မပါတာကြောင့် ကြယ်တွေကို ကြည့်ခွင့်မရခဲ့ကြပါဘူး။

စမတ်ဖုန်းတွေရဲ့ အသုံးဝင်မှုနယ်ပယ်ကျယ်ပြန့်လာတာနဲ့အမျှ Google ကလည်း ဟန်းဆက်အများစုမှာ ကမ္ဘာကနေ Zoom ဆွဲပြီး ကြယ်တွေကြည့်နိုင်အောင် ဆောင်ရွက်လာရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ Google ဟာ ကမ္ဘာ့ ဝန်းကျင်နေရာတစ်ဝိုက်ကို အနက်ရောင်ထုထည်အနေနဲ့ပြသခဲ့တာဟာ “အစစ်အမှန်မဟုတ်ဘူး” လို့ ဝန်ခံခဲ့ပါတယ်။

Google ကပြုလုပ်တဲ့ ပြောင်းလဲမှုအချို့အရ ကမ္ဘာကို လှည့်ပတ်ကြည့်တဲ့အခါ လှပတဲ့ နဂါးငွေ့တန်းပုံတွေကို မြင်တွေ့ရပါတယ်။ ဒီကြယ်တွေဟာ ကမ္ဘာနဲ့ မိုင်ပေါင်း သုံးသောင်းအထက် ကွာဝေးတဲ့နေရာတွေမှာ ရှိနေတာပါ။

ဒါ့အပြင် Google ဟာ မိုးတိမ်တုတွေပြုလုပ်ထားပြီး ကမ္ဘာ့ရာသီဥတုအခြေအနေတွေကို ထင်ဟပ်ပြသထားသလို အာကာသနဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကိုလည်း App ရဲ့ Voyager guide tour ကတစ်ဆင့် ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါသေးတယ်။

Google ဟာ App ရဲ့ မိုလ်ဘိုင်းဗားရှင်းအတွက် လုပ်ဆောင်ချက်အသစ်တွေထည့်သွင်းပေးထားကြောင်းကို ဘလော့ဂ်မှာလည်း ဖော်ပြခဲ့ပါတယ်။ “သိပ္ပံပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ အစိုးရနဲ့ အကျိုးအမြတ်မယူတဲ့ အလုပ်သမားတွေအားလုံးဟာ ကမ္ဘာကို လှည့်လည်ပြီးကြည့်ရှုလေ့လာရတာကို နှစ်သက်တဲ့ပြည်သူတွေပဲ ဖြစ်ကြပါတယ်။ Google Earth app အသုံးပြုသူတွေအနေနဲ့ ကမ္ဘာကို အနီးကပ်ချဲ့ကြည့်ချင်တာပဲဖြစ်ဖြစ်၊ အဝေးကကြည့်ချင်တာပဲဖြစ်ဖြစ်ရသလို၊ ကြယ်ပွင့်တွေကိုကြည့်ရှုနိုင်မယ့် အခွင့်အလမ်းသစ်ကိုလည်း ခံစားရမယ်လို့ မျှော်လင့်မိပါတယ်” လို့ Google က ရေးသားဖော်ပြခဲ့ပါတယ်။

Ref: Phone Arena