Google ဟာ Pixel ဖုန်းတွေအတွက် Android 13 ရဲ့ တတိယမြောက် Beta ဗားရှင်းကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒီ Beta 3 ဟာ Beta 2 ထုတ်လွှတ်ပြီး တစ်လနီးပါးအကြာမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒါဟာ ကုမ္ပဏီက ကြိုတင်ကြေညာထားတဲ့ ဖြန့်ချိမှုအချိန်ဇယားအတိုင်း ဖြစ်နေတာပါ။

Google ဟာ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ Developer Previews တွေကို ထုတ်ပေးလိုက်တာဖြစ်ပြီး ဧပြီ၊ မေ၊ ဇွန်နဲ့ ဇူလိုင် တွေမှာတော့ Beta ဗားရှင်းတွေကို ထုတ်ပေးဖို့ စီစဉ်ထားတာပါ။ ဇွန်လဟာ Platform Stability ကာလကို စတင်မှာဖြစ်ပြီး ဇူလိုင်လကတော့ Final Release အတွက် အပြီးသတ် Beta ကိုယူဆောင်လာပါလိမ့်မယ်။

ဒါကြောင့် ဇူလိုင်လမှာ နောက်ထပ် Beta ဗားရှင်းကိုထပ်ထုတ်ပေးပြီး လာမဲ့ဆောင်းဦးရာသီမှာတော့ Pixels တွေအားလုံးကို Final Release လုပ်ပေးမှာဖြစ်ပါတယ်။ Beta 3 ဟာ App developers တွေအတွက် အဓိကကျတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ အခုအချိန်ဟာ OS နဲ့ APIs တွေက App-facing လုပ်ဆောင်ချက်အားလုံးဟာ နောက်ဆုံးဖြစ်တယ်လို့ ဆိုလိုပါတယ်။

App developers တွေဟာ သူတို့ရဲ့ Apps တွေအတွက် Android 13 နဲ့ လိုက်ဖက်ညီမှုရှိစေဖို့ စတင်လုပ်ဆောင်ကြတဲ့ အချိန်ဖြစ်ပြီး ပလက်ဖောင်းဟာ အခုကနေစပြီး နောက်ဆုံးထွက်ရှိချိန်အထိ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာကို သိထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ အကယ်၍ Android 13 Beta 3 ကို စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် စာရင်းသွင်းပြီး ရယူနိုင်ပါတယ်။

Ref: GSM Arena