Google ရဲ့ Gboard Keyboard ဟာ လက်ရှိ Android နဲ့ iOS Device တွေအတွက် အကောင်းဆုံး Keyboard App တစ်ခုလို့ ပြောရင်လည်းမမှားပါဘူး။ ဒါကလည်း Feature ပိုင်းစုံလင်တဲ့အပြင် အသုံးပြုရတာ ရိုးရှင်းတာကြောင့်လို့လည်း ပြောရမှာပါ။

အခုလည်း Google ကနေ Gboard Beta အသုံးပြုသူတွေအတွက် Theming Option တစ်ခုကို Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Gboard Beta Version 9.7 မှာ ဖုန်းရဲ့ System Theme အပေါ်မှုတည်ပြီးတော့ Keyboard ကိုပါ Dark Mode သို့မဟုတ် Light Mode အလိုအလျောက်ပြောင်းလဲပေးသွားမှာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် အသုံးပြုသူတွေအနေနဲ့ System-wide Theme ပြောင်းလိုက်တိုင်း Keyboard ကိုပါ လိုက်ပြီး Light Mode ကနေ Dark Mode ကို Manual ပြောင်းလဲဖို့ လိုအပ်တော့မှာမဟုတ်ပါဘူး။ တကယ်လို့ Auto ပြောင်းတာကို မကြိုက်ဘူးဆိုရင်လည်း Setting ကနေ တစ်ဆင့်ပိတ်ထားလို့ရဦးမှာပါ။

ယခု Feature အတွက်ကို အသုံးပြုဖို့အတွက်ကတော့ Play Store ကနေတစ်ဆင့် Gboard ကို Beta အနေနဲ့ Sign-in ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ Google ဟာ အခုနောက်ပိုင်းမှာ Gboard အတွက် Feature တွေကို ဆက်တိုက်ထုတ်ပေးနေပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Keyboard ကနေတစ်ဆင့် Autofill Feature ကိုပါ အသုံးပြုနိုင်အောင် Update ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

Ref – Android Central