Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Android နဲ့ iOS အတွက် Search မှာ Dark Mode ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ Google ကနေ Search ကို PC Web Version မှာပါ Dark Theme ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် Google Search ရဲ့ Domain ဖြစ်တဲ့ “Google.com” ကို Dark Theme နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Setting ထဲကနေ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲဖို့အတွက်ကတေ့ာ Settings – Search Settings – Appearance ကိုဝင်ရောက်ပြီး “Device Default” ၊ “Dark Theme” နဲ့ “Light Theme” ဆိုပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။

အခုလိုမျိုး Dark Theme ကို ပြောင်းလဲပြီးပြီဆိုရင် Google Homepage အပြင် Search Result Page ၊ Search Settings နဲ့တခြားနေရာတွေအကုန်လုံးမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

လောလောဆယ်မှာ တချို့သော အသုံးပြုသူတွေအတွက် Search ရဲ့ Screen အပေါ်ညာဘက်ထောင့်မှာ Enable ၊ Disable ပြုလုပ်ဖို့အတွက် Sun Icon လေးကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး စမ်းသပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Google Search ကို Settings ထဲဝင်ရောက်စရာမလိုဘဲ အလွယ်တကူပြောင်းလဲနိုင်မှာပါ။

အခုအချိန်မှာ Google Search Dark Theme ကို လူတိုင်းအသုံးပြုနိုင်မှာမဟုတ်သေးဘဲ တချို့သောလူတွေဆီမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ လာမယ့်ရက်သတ္တပတ်အတွင်းမှာ လူတိုင်းအသုံးပြုနိုင်အောင် ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – 9to5Google