Unicode
လက်ရှိတရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟာ လက်ရှိအချိန်မှာ ကူးစက်ခံရသူပေါင်း ၁ သောင်းနီးပါးရှိနေပြီး သေဆုံးသူ ၂၀၀ ကျော်နဲ့ နိုင်ငံ ၂၃ နိုင်ငံမှာ ပျံနှံ့နေပြီဖြစ်ပါတယ်။ World Health Organization (WHO) ကိုယ်တိုင်ကလည်း အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါသေးတယ်။
Google ကလည်း WHO နဲ့ ပူးပေါင်းပြီးတော့ အဆိုပါ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ Google Search မှာ “coronavirus” လို့ ရှာဖွေလိုက်တာနဲ့ SOS Alert သတင်းတွေကို သိရှိနိုင်မယ့်အပြင် အဆိုပါ ဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့အမေးအဖြေတွေ၊ လိုက်နာသင့်တဲ့ Safety Tips တွေကို ဖော်ပြပေးသွားတော့မှာဖြစ်ပါတယ်။
To help support relief efforts, @Googleorg issued a $250,000 direct grant to the Chinese Red Cross. Additionally we launched an internal campaign inviting Googlers to donate. So far, https://t.co/ldmgae16C7 and Googlers have raised over $800K USD (3.5M rmb).
— Google Communications (@Google_Comms) January 30, 2020
ဒါတင်မဟုတ်ဘဲ Google.org ကနေ တရုတ်နိုင်ငံကြက်ခြေနီအသင်းကို အဆိုပါ ဝူဟန်ဗိုင်းရပ်စ်အတွက် ဒေါ်လာ ၂၅၀,၀၀၀ ခန့် မတည်ထည့်သွင်းပေးခဲ့ပြီးတော့ လှုုဒါန်းနိုင်တဲ့ Internal Campaign တစ်ခုကိုပါ စတင်ခဲ့ပါတယ်။ အခုအချိန်မှာ အဆိုပါ Campaign ကနေ ဒေါ်လာ ၈ သိန်းအထက်ထိ ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
.@StateDept is increasing the #China Travel Advisory to Level 4 – Do Not Travel. This is due to the spread of the novel #coronavirus throughout China & the @WHO determination that the outbreak constitutes a Public Health Emergency of International Concern. https://t.co/BIIUdavoP0
— Secretary Pompeo (@SecPompeo) January 31, 2020
အစောပိုင်းကလည်း Google နဲ့ Tesla လိုမျိုး ကုမ္ပဏီတွေက တရုတ်နိုင်ငံတွင်း ရုံးခွဲတွေကို ခတ္တပိတ်သိမ်းတာမျိုး ပြုလုပ်ခဲ့ပါသေးတယ်။ US အစိုးရကိုယ်တိုင်ကလည်း တရုတ်နိုင်ငံကို သွားရောက်တာမျိုး မပြုလုပ်ဖို့ တရားဝင်အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် လောလောဆယ်မှာတော့ အခြေအနေက စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။
Ref – The Verge
Zawgyi
လက္ရွိတ႐ုတ္ႏိုင္ငံကေန စတင္ျဖစ္ပြားခဲ့တဲ့ ဝူဟန္ဗိုင္းရပ္စ္လို႔ လူသိမ်ားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (coronavirus) ဟာ လက္ရွိအခ်ိန္မွာ ကူးစက္ခံရသူေပါင္း ၁ ေသာင္းနီးပါးရွိေနၿပီး ေသဆုံးသူ ၂၀၀ ေက်ာ္နဲ႔ ႏိုင္ငံ ၂၃ ႏိုင္ငံမွာ ပ်ံႏွံ႔ေနၿပီျဖစ္ပါတယ္။ World Health Organization (WHO) ကိုယ္တိုင္ကလည္း အေရးေပၚအေျခအေနထုတ္ျပန္ခဲ့ပါေသးတယ္။
Google ကလည္း WHO နဲ႔ ပူးေပါင္းၿပီးေတာ့ အဆိုပါ ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သတ္တဲ့ ေၾကညာခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ ဒါကေတာ့ Google Search မွာ “coronavirus” လို႔ ရွာေဖြလိုက္တာနဲ႔ SOS Alert သတင္းေတြကို သိရွိႏိုင္မယ့္အျပင္ အဆိုပါ ဗိုင္းရပ္စ္နဲ႔ ပတ္သတ္တဲ့အေမးအေျဖေတြ၊ လိုက္နာသင့္တဲ့ Safety Tips ေတြကို ေဖာ္ျပေပးသြားေတာ့မွာျဖစ္ပါတယ္။
To help support relief efforts, @Googleorg issued a $250,000 direct grant to the Chinese Red Cross. Additionally we launched an internal campaign inviting Googlers to donate. So far, https://t.co/ldmgae16C7 and Googlers have raised over $800K USD (3.5M rmb).
— Google Communications (@Google_Comms) January 30, 2020
ဒါတင္မဟုတ္ဘဲ Google.org ကေန တ႐ုတ္ႏိုင္ငံၾကက္ေျခနီအသင္းကို အဆိုပါ ဝူဟန္ဗိုင္းရပ္စ္အတြက္ ေဒၚလာ ၂၅၀,၀၀၀ ခန္႔ မတည္ထည့္သြင္းေပးခဲ့ၿပီးေတာ့ လႈုဒါန္းႏိုင္တဲ့ Internal Campaign တစ္ခုကိုပါ စတင္ခဲ့ပါတယ္။ အခုအခ်ိန္မွာ အဆိုပါ Campaign ကေန ေဒၚလာ ၈ သိန္းအထက္ထိ ရရွိၿပီးျဖစ္တယ္လို႔ သိရပါတယ္။
.@StateDept is increasing the #China Travel Advisory to Level 4 – Do Not Travel. This is due to the spread of the novel #coronavirus throughout China & the @WHO determination that the outbreak constitutes a Public Health Emergency of International Concern. https://t.co/BIIUdavoP0
— Secretary Pompeo (@SecPompeo) January 31, 2020
အေစာပိုင္းကလည္း Google နဲ႔ Tesla လိုမ်ိဳး ကုမၸဏီေတြက တ႐ုတ္ႏိုင္ငံတြင္း ႐ုံးခြဲေတြကို ခတၱပိတ္သိမ္းတာမ်ိဳး ျပဳလုပ္ခဲ့ပါေသးတယ္။ US အစိုးရကိုယ္တိုင္ကလည္း တ႐ုတ္ႏိုင္ငံကို သြားေရာက္တာမ်ိဳး မျပဳလုပ္ဖို႔ တရားဝင္အမိန္႔ထုတ္ျပန္ခဲ့တဲ့အတြက္ ေလာေလာဆယ္မွာေတာ့ အေျခအေနက စိုးရိမ္ဖြယ္ျဖစ္ေနပါတယ္။
Ref – The Verge