Sabrina လို့ လျှို့ဝှက်နာမည် ပေးထားတဲ့ Google နောက်ထုတ်မယ့် ထုတ်ကုန် အသစ်ရဲ့ သတင်းတွေထွက်နေပါတယ်။ အဲဒါဟာ Android TV Chromecast ဖြစ်ပြီး အရင် Chromecast တွေနဲ့မတူတာက Android TV ဖြစ်တဲ့အတွက် OS Full Interface ပါလာမှာပါ။

ဒါတင် မကသေးပါဘူး။ Google Assistant ပါတဲ့ Smart Remote လည်း ပါလာမှာ ဖြစ်ပြီး အဲဒီ Chromecast ကို ဇူလိုင်လ ၈ ရက်နေ့မှာ အွန်လိုင်းကနေ  ကျင်းပမယ့် Smart Home Summit မှာ ကြေညာနိုင်ပါတယ်။ Google ကတော့ အဲဒီပွဲမှာ Chromecast အသစ်ကို ကြေညာမယ်လို့တော့ မပြောသေးပေမယ့် ဖြစ်နိုင်ခြေ အလားအလာများပါတယ်။

Chromecast ဟာ ဈေးသက်သက်သာသာနဲ့ ရိုးရိုး TV တွေကို Smart TV အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကိရိယာလေး ဖြစ်ပါတယ်။ မော်ဒယ်အသစ်မှာ Remote နဲ့  Full Android TV UI ပါလာမှာ ဖြစ်တဲ့အတွက် အသုံးပြုရတာ ပိုကောင်းလာမှာပါ။

Google ဟာ Chromecast အသစ်နဲ့အတူ Google Home Smart Speaker အသစ်ကိုပါ ချပြနိုင်ပါတယ်။ Nest Home လို့ နာမည်ပေးထားနိုင်ပြီး အရင်ကထွက်ခဲ့တဲ့ Smart Speaker တွေကိုတော့ Google Home လို့ နာမည်ပေးထားခဲ့တာပါ။ ဇူလိုင်လမှာ Google ရဲ့ ထုတ်ကုန်အသစ်တွေကို စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။

Ref : gsmarena