Unicode

Google ကနေ မနှစ်တုန်းက မိတ်ဆက်သွားခဲ့တဲ့ Stadia Game Streaming Service က ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စတင်ပြီး US အပါအဝင်နိုင်ငံအချို့မှာ ဆော့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စတင်မိတ်ဆက်ခါစဖြစ်နေတဲ့အတွက် ဆော့ကစားနိုင်တဲ့ Game တွေကတော့ Destiny 2 နဲ့ Tomb Raider လိုမျိုး AAA Title Game အချို့အပါအဝင် အနည်းငယ်ပဲ ရရှိသေးတာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Google ကနေ ဒီ ၂၀၂၀ ခုနှစ်အတွင်းမှာတင် Stadia ပေါ်မှာ ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးပေါင်း ၁၂၀ ကျော်ထိ ရှိလာအောင် ထည့်သွင်းပေးသွားမယ်လို့ ကတိပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ဂိမ်းတွေထဲမှာ Google Stadia မှာပဲ ဆော့ကစားနိုင်မယ့် Exclusive Game တွေ ၁၀ မျိုးအထိ ပါဝင်လာမှာဖြစ်ပြီးတော့ ၂၀၂၀ ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။

Google ရဲ့ ဒီလိုမျိုး ကတိပေးလိုက်တာက လက်ရှိမှာ ဆော့ကစားနိုင်တဲ့ ဂိမ်း ၂၆ မျိုးနဲ့ Exclusive Game ၁ မျိုးကနေ သိသိသာသာကို များလာတာဖြစ်ပြီး တကယ်သာ Launch လုပ်ပြီး ၁ နှစ်အတွင်း ဂိမ်း ၁၀၀ ကျော်ရှိလာမယ်ဆိုရင် အခုထက်ပိုပြီး အသုံးပြုသူတွေများပြားလာမှာလည်းဖြစ်ပါတယ်။ ဒီ ဂိမ်းအသစ်အများစုက ဘာဂိမ်းတွေဖြစ်မလဲဆိုတာကို မသိရှိရသေးဘဲ ဖြစ်နိုင်တာက လာမယ့် မေလမှာပြုလုပ်မယ့် Google I/O Event မှာ အသေးစိတ်ပြောကြားလာနိုင်ပါတယ်။

နောက်ထပ်လည်း Google ကနေ လာမယ့် ၃ လအတွင်းမှာ 4K Gaming on Web အပြင် Pixel ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Android ဖုန်းတွေကိုပါ Support ပေးလာမယ်လို့ ပြောကြားသွားပါသေးတယ်။ ဒါ့အပြင် Stadia Controller နဲ့လည်း Web မှာ Wireless စတင်ဆော့ကစားနိုင်တော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။ နောက် Google Assistant ကိုလည်း အခုထက်ပိုပြီး အသုံးပြုနိုင်အောင်လုပ်ပေးသွားဦးမှာပါ။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်းဆိုရင်တော့ Gaming PC သို့မဟုတ် Game Console တွေမလိုအပ်ဘဲ Internet Connection ကောင်းကောင်းတစ်ခုရှိတာနဲ့ နှစ်သက်ရာ TV ၊ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေမှာ Google Stadia ကို သုံးပြီး စိတ်ကြိုက် Streaming ဆော့ကစားနိုင်ဖို့ ပိုပြီးနီးစပ်လာပါပြီ။

Ref – The Verge

Zawgyi

Google ကေန မႏွစ္တုန္းက မိတ္ဆက္သြားခဲ့တဲ့ Stadia Game Streaming Service က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလထဲက စတင္ၿပီး US အပါအဝင္ႏိုင္ငံအခ်ိဳ႕မွာ ေဆာ့ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ စတင္မိတ္ဆက္ခါစျဖစ္ေနတဲ့အတြက္ ေဆာ့ကစားႏိုင္တဲ့ Game ေတြကေတာ့ Destiny 2 နဲ႔ Tomb Raider လိုမ်ိဳး AAA Title Game အခ်ိဳ႕အပါအဝင္ အနည္းငယ္ပဲ ရရွိေသးတာပါ။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Google ကေန ဒီ ၂၀၂၀ ခုႏွစ္အတြင္းမွာတင္ Stadia ေပၚမွာ ေဆာ့ကစားႏိုင္တဲ့ ဂိမ္းအမ်ိဳးေပါင္း ၁၂၀ ေက်ာ္ထိ ရွိလာေအာင္ ထည့္သြင္းေပးသြားမယ္လို႔ ကတိေပးလိုက္ၿပီျဖစ္ပါတယ္။ အဆိုပါ ဂိမ္းေတြထဲမွာ Google Stadia မွာပဲ ေဆာ့ကစားႏိုင္မယ့္ Exclusive Game ေတြ ၁၀ မ်ိဳးအထိ ပါဝင္လာမွာျဖစ္ၿပီးေတာ့ ၂၀၂၀ ပထမႏွစ္ဝက္အတြင္းမွာ မိတ္ဆက္သြားမွာလည္းျဖစ္ပါတယ္။

Google ရဲ႕ ဒီလိုမ်ိဳး ကတိေပးလိုက္တာက လက္ရွိမွာ ေဆာ့ကစားႏိုင္တဲ့ ဂိမ္း ၂၆ မ်ိဳးနဲ႔ Exclusive Game ၁ မ်ိဳးကေန သိသိသာသာကို မ်ားလာတာျဖစ္ၿပီး တကယ္သာ Launch လုပ္ၿပီး ၁ ႏွစ္အတြင္း ဂိမ္း ၁၀၀ ေက်ာ္ရွိလာမယ္ဆိုရင္ အခုထက္ပိုၿပီး အသုံးျပဳသူေတြမ်ားျပားလာမွာလည္းျဖစ္ပါတယ္။ ဒီ ဂိမ္းအသစ္အမ်ားစုက ဘာဂိမ္းေတြျဖစ္မလဲဆိုတာကို မသိရွိရေသးသလို ျဖစ္ႏိုင္တာက လာမယ့္ ေမလမွာျပဳလုပ္မယ့္ Google I/O Event မွာ အေသးစိတ္ေျပာၾကားလာႏိုင္ပါတယ္။

ေနာက္ထပ္လည္း Google ကေန လာမယ့္ ၃ လအတြင္းမွာ 4K Gaming on Web အျပင္ Pixel ဖုန္းေတြတင္မဟုတ္ဘဲ တျခားေသာ Android ဖုန္းေတြကိုပါ Support ေပးလာမယ္လို႔ ေျပာၾကားသြားပါေသးတယ္။ ဒါ့အျပင္ Stadia Controller နဲ႔လည္း Web မွာ Wireless စတင္ေဆာ့ကစားႏိုင္ေတာ့မွာျဖစ္တယ္လို႔လည္းသိရပါတယ္။ ေနာက္ Google Assistant ကိုလည္း အခုထက္ပိုၿပီး အသုံးျပဳႏိုင္ေအာင္လုပ္ေပးသြားဦးမွာပါ။

ဘာပဲျဖစ္ျဖစ္ ဒီအတိုင္းဆိုရင္ေတာ့ Gaming PC သို႔မဟုတ္ Game Console ေတြမလိုအပ္ဘဲ Internet Connection ေကာင္းေကာင္းတစ္ခုရွိတာနဲ႔ ႏွစ္သက္ရာ TV ၊ ကြန္ပ်ဴတာနဲ႔ စမတ္ဖုန္းေတြမွာ Google Stadia ကို သုံးၿပီး စိတ္ႀကိဳက္ Streaming ေဆာ့ကစားႏိုင္ဖို႔ ပိုၿပီးနီးစပ္လာပါၿပီ။

Ref – The Verge