[Unicode]

Google က Cloud အခြေပြု ဂိမ်းဝန်ဆောင်မှုဖြစ်တဲ့ Stadia ကို Device များစွာမှာ ကစားနိုင်အောင် ကြိုးစားနေပါတယ်။ အခုတော့ Google က Stadia ကို Pixel မဟုတ်တဲ့ Device တွေမှာ စမ်းသပ်နေတယ်လို့ သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ Pixel မဟုတ်တဲ့ စမတ်ဖုန်းတွေကနေ Stadia ကို Login ဝင်နေတဲ့ သတင်းတွေ ထွက်ခဲ့ပြီး အောက်ပါ Screens တွေထဲက ၁ ခုကို မြင်ရပါတယ်။ “ Choose where to play” Screen ကနေ Chromecast Ultra ဒါမှမဟုတ် PC မှာ ကစားဖို့ ရွေးချယ်နိုင်ပါတယ်။

ဒါပေမယ့် ဒီအဆင့်ကနေ ကျော်ပြီး ဂိမ်းတွေ ကစားလို့ မရသေးပါဘူး။ Google က Pixel မဟုတ်တဲ့ ဖုန်းတွေမှာ Stadia ရဲ့ အခြေအနေကို စမ်းသပ်နေတာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သတင်းတွေအရ Android စမတ်ဖုန်း အားလုံးအတွက် Stadia ကို မကြာခင် ဖြန့်ချိပေးမယ်လို့ သိရပါတယ်။

Google လိုပဲ Facebook ကလည်း Cloud အခြေပြု ဂိမ်း ဝန်ဆောင်မှုကို စိတ်ဝင်စားနေပါတယ်။ Facebook က စပိန် အခြေစိုက် Cloud Gaming Service ၁ ခု ဖြစ်တဲ့ PlayGiga ကို ဝယ်ယူလိုက်တယ်လို့ ဒီဇင်ဘာလက ကြေညာလိုက်ပါတယ်။ PlayGiga ဟာ ကုန်ကျစားရိတ် သက်သာတဲ့ Cloud Gaming ဝန်ဆောင်မှု ဖြစ်ပြီး လူကြိုက်များပါတယ်။ 30ms ထက်နည်းအောင် Latency ကို လျှော့ချပေးတဲ့ အတွက် ဂိမ်း ကစားရတာ လျှင်မြန်သွက်လက်ပါတယ်။ Cloud Gaming နယ်ပယ်ကို Facebook ဘယ်အချိန် နယ်ချဲ့မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena

[Zawgyi]

Google က Stadia ကို Pixel မဟုတ္တဲ့ Device ေတြမွာ စမ္းသပ္ေန

Google က Cloud အေျချပဳ ဂိမ္းဝန္ေဆာင္မႈျဖစ္တဲ့ Stadia ကို Device မ်ားစြာမွာ ကစားႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ အခုေတာ့ Google က Stadia ကို Pixel မဟုတ္တဲ့ Device ေတြမွာ စမ္းသပ္ေနတယ္လို႔ သတင္းထြက္လာပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းမွာ Pixel မဟုတ္တဲ့ စမတ္ဖုန္းေတြကေန Stadia ကို Login ဝင္ေနတဲ့ သတင္းေတြ ထြက္ခဲ့ၿပီး ေအာက္ပါ Screens ေတြထဲက ၁ ခုကို ျမင္ရပါတယ္။ “ Choose where to play” Screen ကေန Chromecast Ultra ဒါမွမဟုတ္ PC မွာ ကစားဖို႔ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

ဒါေပမယ့္ ဒီအဆင့္ကေန ေက်ာ္ၿပီး ဂိမ္းေတြ ကစားလို႔ မရေသးပါဘူး။ Google က Pixel မဟုတ္တဲ့ ဖုန္းေတြမွာ Stadia ရဲ႕ အေျခအေနကို စမ္းသပ္ေနတာ ျဖစ္ႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက သတင္းေတြအရ Android စမတ္ဖုန္း အားလုံးအတြက္ Stadia ကို မၾကာခင္ ျဖန႔္ခ်ိေပးမယ္လို႔ သိရပါတယ္။

Google လိုပဲ Facebook ကလည္း Cloud အေျချပဳ ဂိမ္း ဝန္ေဆာင္မႈကို စိတ္ဝင္စားေနပါတယ္။ Facebook က စပိန္ အေျခစိုက္ Cloud Gaming Service ၁ ခု ျဖစ္တဲ့ PlayGiga ကို ဝယ္ယူလိုက္တယ္လို႔ ဒီဇင္ဘာလက ေၾကညာလိုက္ပါတယ္။ PlayGiga ဟာ ကုန္က်စားရိတ္ သက္သာတဲ့ Cloud Gaming ဝန္ေဆာင္မႈ ျဖစ္ၿပီး လူႀကိဳက္မ်ားပါတယ္။ 30ms ထက္နည္းေအာင္ Latency ကို ေလွ်ာ့ခ်ေပးတဲ့ အတြက္ ဂိမ္း ကစားရတာ လွ်င္ျမန္သြက္လက္ပါတယ္။ Cloud Gaming နယ္ပယ္ကို Facebook ဘယ္အခ်ိန္ နယ္ခ်ဲ႕မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : gsmarena