[Unicode]

ပြီးခဲ့တဲ့နှစ်တုန်းက Google ဟာ Pixel 3a နဲ့ Pixel 3a XL တို့ကို ထုတ်ရောင်းလိုက်တော့ အသုံးပြုသူတွေက ဝမ်းသာကြပေမယ့် ထုတ်လုပ်မှုနယ်ပယ်ထဲမှာ အနည်းငယ် အံ့အားသင့်သွားကြမယ် ထင်ပါတယ်။ Google အနေနဲ့ ပရီမီယံအဆင့် Pixel တွေကို Mid-range နယ်ပယ်ထိပါ တိုးချဲ့လာမယ်လို့ ထင်မှတ်ထားကြမှာ မဟုတ်ပါဘူး။

Pixel 3a နဲ့ Pixel 3a XL တွေဟာ ကိုယ်ထည်ပိုင်းဆိုင်ရာနဲ့ သိုလှောင်မှုပိုင်းဆိုင်ရာအပါအတွင် စွမ်းဆောင်ရည်ကို အများကြီးလျော့ကျသွားစေမှာမဟုတ်တဲ့ အစိတ်အပိုင်းတွေကိုပဲ အရည်အသွေးအနည်းငယ် လျှော့ချခဲ့ပြီး ကျန်တဲ့ လုပ်ဆောင်ချက်အတော်များများကတော့ Pixel 3 series တွေအတိုင်း ရရှိခွင့်ပြုခဲ့တာကြောင့် ဒီဈေးသက်သာတဲ့မော်ဒယ်တွေဟာ လူကြိုက်များပြီး ထင်ရှားခဲ့ပါတယ်။

ဒါပေမယ့် အခုထွက်လာတဲ့ ကောလာဟလကတော့ Pixel ရဲ့ Mid-range သစ်ကို မျှော်နေသူတွေအတွက် သိပ်ပြီးပျော်စရာ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ Google ဟာ ဒီနှစ်ထဲမှာ Mid-range Pixel ကို မော်ဒယ်တစ်မျိုးတည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာတာကြောင့်ပါ။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကလို ရွေးချယ်စရာရှိတော့မှာ မဟုတ်ပါဘူး။

ဒီနှစ်တော့ Pixel 4a နဲ့ Pixel 4a XL အစား Pixel 4a တစ်မျိုးတည်းကိုပဲ မျှော်လင့်ရမှာပါ။ Pixel 4a ရဲ့ Renders တွေကတော့ ထွက်ပြီးပါပြီ။ ကောလာဟလတွေအရ Pixel 4a ဟာ ပလတ်စတစ်ကိုယ်ထည်နဲ့ 5.81-inch မျက်နှာပြင်အရွယ်အစား ဖြစ်ပါလိမ့်မယ်။ ကျောဘက်မှာ Fingerprint တပ်ဆင်ပေးထားပြီး ကြိုးမဲ့အားသွင်းစနစ်တော့ ထောက်ပံ့ပေးထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အရှေ့ဘက်မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ အနက်ရောင်ကိုယ်ထည်မှာ အစိမ်းရောင်ပါဝါခလုတ်၊ အဖြူရောင်ကိုယ်ထည်မှာ သန္တာရောင် ပါဝါခလုတ်၊ အပြာရောင်ကိုယ်ထည်မှာ ပန်ရောင်တောက်တောက် ပါဝါခလုတ် နဲ့ဖြစ်မယ်လို့လည်း ဆိုပါတယ်။

Google Pixel 4a နဲ့ပတ်သက်ပြီး ကျန်တဲ့အဓိကအစိတ်အပိုင်းတွေအကြောင်းကတော့ ပြောလို့မရနိုင်သေးပါဘူး။ ဒါပေမယ့် Google ဟာ Pixel 4a ကို ၃၉၉ ဒေါ်လာ ဈေးနှုန်းနဲ့ပဲ ဆက်ပြီး ရောင်းချသွားမယ်လို့ ောတ့ မျှော်လင့်ရကြောင်း လေ့လာသုံးသပ်သူ Lee က ဆိုပါတယ်။

Ref: Phone Arena

[Zawgyi]

ဒီႏွစ္ထဲမွာ Google ရဲ႕ Mid-range အျဖစ္ Pixel 4a တစ္မ်ိဳးတည္းသာ ထြက္လာဖြယ္ရွိ

ၿပီးခဲ့တဲ့ႏွစ္တုန္းက Google ဟာ Pixel 3a နဲ႔ Pixel 3a XL တို႔ကို ထုတ္ေရာင္းလိုက္ေတာ့ အသုံးျပဳသူေတြက ဝမ္းသာၾကေပမယ့္ ထုတ္လုပ္မႈနယ္ပယ္ထဲမွာ အနည္းငယ္ အံ့အားသင့္သြားၾကမယ္ ထင္ပါတယ္။ Google အေနနဲ႔ ပရီမီယံအဆင့္ Pixel ေတြကို Mid-range နယ္ပယ္ထိပါ တိုးခ်ဲ႕လာမယ္လို႔ ထင္မွတ္ထားၾကမွာ မဟုတ္ပါဘူး။

Pixel 3a နဲ႔ Pixel 3a XL ေတြဟာ ကိုယ္ထည္ပိုင္းဆိုင္ရာနဲ႔ သိုေလွာင္မႈပိုင္းဆိုင္ရာအပါအတြင္ စြမ္းေဆာင္ရည္ကို အမ်ားႀကီးေလ်ာ့က်သြားေစမွာမဟုတ္တဲ့ အစိတ္အပိုင္းေတြကိုပဲ အရည္အေသြးအနည္းငယ္ ေလွ်ာ့ခ်ခဲ့ၿပီး က်န္တဲ့ လုပ္ေဆာင္ခ်က္အေတာ္မ်ားမ်ားကေတာ့ Pixel 3 series ေတြအတိုင္း ရရွိခြင့္ျပဳခဲ့တာေၾကာင့္ ဒီေဈးသက္သာတဲ့ေမာ္ဒယ္ေတြဟာ လူႀကိဳက္မ်ားၿပီး ထင္ရွားခဲ့ပါတယ္။

ဒါေပမယ့္ အခုထြက္လာတဲ့ ေကာလာဟလကေတာ့ Pixel ရဲ႕ Mid-range သစ္ကို ေမွ်ာ္ေနသူေတြအတြက္ သိပ္ၿပီးေပ်ာ္စရာ မေကာင္းပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Google ဟာ ဒီႏွစ္ထဲမွာ Mid-range Pixel ကို ေမာ္ဒယ္တစ္မ်ိဳးတည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္လာတာေၾကာင့္ပါ။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ကလို ေ႐ြးခ်ယ္စရာရွိေတာ့မွာ မဟုတ္ပါဘူး။

ဒီႏွစ္ေတာ့ Pixel 4a နဲ႔ Pixel 4a XL အစား Pixel 4a တစ္မ်ိဳးတည္းကိုပဲ ေမွ်ာ္လင့္ရမွာပါ။ Pixel 4a ရဲ႕ Renders ေတြကေတာ့ ထြက္ၿပီးပါၿပီ။ ေကာလာဟလေတြအရ Pixel 4a ဟာ ပလတ္စတစ္ကိုယ္ထည္နဲ႔ 5.81-inch မ်က္ႏွာျပင္အ႐ြယ္အစား ျဖစ္ပါလိမ့္မယ္။ ေက်ာဘက္မွာ Fingerprint တပ္ဆင္ေပးထားၿပီး ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ ေထာက္ပံ့ေပးထားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

အေရွ႕ဘက္မ်က္ႏွာျပင္ရဲ႕ အေပၚဘယ္ဘက္ေထာင့္မွာ Punch-hole နဲ႔အတူ Selfie ကင္မရာတစ္လုံး တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။ အနက္ေရာင္ကိုယ္ထည္မွာ အစိမ္းေရာင္ပါဝါခလုတ္၊ အျဖဴေရာင္ကိုယ္ထည္မွာ သႏၲာေရာင္ ပါဝါခလုတ္၊ အျပာေရာင္ကိုယ္ထည္မွာ ပန္ေရာင္ေတာက္ေတာက္ ပါဝါခလုတ္ နဲ႔ျဖစ္မယ္လို႔လည္း ဆိုပါတယ္။

Google Pixel 4a နဲ႔ပတ္သက္ၿပီး က်န္တဲ့အဓိကအစိတ္အပိုင္းေတြအေၾကာင္းကေတာ့ ေျပာလို႔မရႏိုင္ေသးပါဘူး။ ဒါေပမယ့္ Google ဟာ Pixel 4a ကို ၃၉၉ ေဒၚလာ ေဈးႏႈန္းနဲ႔ပဲ ဆက္ၿပီး ေရာင္းခ်သြားမယ္လို႔ ောတ့ ေမွ်ာ္လင့္ရေၾကာင္း ေလ့လာသုံးသပ္သူ Lee က ဆိုပါတယ္။

Ref: Phone Arena