Google က Translate App မှာ ဘာသာစကား အသစ် ၁၁၀ ကို ထောက်ပံ့ပေးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ အရင်က ဘာသာစကား ၁၁၃ မျိုးကို ထောက်ပံ့ပေးထားပြီး အခုတစ်ခေါက်က ဘာသာစကား အများဆုံး ထောက်ပံ့ပေးလာတာ ဖြစ်ပါတယ်။

Google Translate adds support for 110 new languages thanks to AI

Google က ဘာသာစကား အသစ် ၁၁၀ မှာ ဆော့ဖ်ဝဲကို လေ့ကျင့်ပေးဖို့ PaLM 2 AI Language Model ကို အသုံးပြုထားပါတယ်။ အဲဒီ AI က ဘာသာစကား ၁ ခုနဲ့ တခြား ၁ ခု ဆက်စပ်မှုကို လေ့ကျင့်သင်ကြားရာမှာ အလွန်တော်ပါတယ်။ ဥပမာ အနေနဲ့ Hindi, Awadhi , Marwadi, Seychellois Creole နဲ့ Mauritian Creole French Creoles တို့တွေအကြားမှာ ဘာသာပြန်ပေးတာကို ကျွမ်းကျင်ပါတယ်။

Google Translate adds 110 languages with the help of AI, including Cantonese - HardwareZone.com.sg

အခု Update အသစ်မှာ Cantonese ကို ထောက်ပံ့ပေးထားပြီး Google က နှစ်များစွာအကြာ တောင်းဆိုမှုအများဆုံး ဘာသာစကား ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Cantonese ဟာ Mandarin နဲ့များစွာ တူညီနေပြီး AI Model ကို လေ့ကျင့်ပေးဖို့ ဒေတာ ရှာရတာ ခက်ခဲတယ်လို့ Google က ပြောပါတယ်။

Google က အသစ် ထည့်သွင်းပေးလိုက်တဲ့ ဘာသာစကား ၂၅ ရာခိုင်နှုန်းဝန်းကျင်ဟာ အာဖရိက ဘာသာစကားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

Ref : gsmarena