NFTs or Non-fungible Token ဟာ ၂၀၂၁ ခုနှစ်မှာ လူတွေ ရှာဖွေမှု အများဆုံးထဲက ၁ ခု ဖြစ်လာပါတယ်။ Google Trends ဒေတာ အရ Crypto ထက် NFTs ကို ရှာဖွေမှုဟာ ပထမဆုံးအကြိမ် ပိုများလာပါတယ်။
NFTs အကြောင်း မသိသူတွေကို ရှင်းပြချင်ပါတယ်။ NFTs ဟာ Cryptocurrency ခေါ် ဒစ်ဂျစ်တယ် ငွေကြေးနဲ့ ဝယ်ယူနိုင်တဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ မှတ်တမ်းတင်ထားပါတယ်။ NFTs လို့ ဆိုရာမှာ အနုပညာလက်ရာ၊ Tweet ၊ သီချင်း၊ GIFs နဲ့ တခြား ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပါဝင်ပါတယ်။
အဲဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို အပြိုင်အဆိုင် လေလံဆွဲနေကြပြီး တချို့ NFTs တွေကို ဒေါ်လာ သန်းဂဏန်းနဲ့ ရောင်းချနေကြပါတယ်။ Cointelegraph ရဲ့ စစ်တမ်းအရ ဒေါ်လာ ၉ ဘီလီယမ်ဖိုး NFTs တွေ ရောင်းချခဲ့ပြီးပြီ ဖြစ်ပြီး ၂၀၂၁ ခုနှစ်အကုန်မှာ ဒေါ်လာ ၁၇.၇ ဘီလီယမ်အထိ ရှိလာနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၄၁ သန်းဖိုးပဲ NFTs တွေ ရောင်းချခဲ့ရပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ဒေါ်လာ ၂.၅ ဘီလီယမ် ဖိုးရောင်းချနိုင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ဒေါ်လာ သန်း ၃၄၀ ဖိုး ရောင်းချခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာတော့ ဒေါ်လာ ၉ ဘီလီယမ်အထိ တိုးတက်လာတာ ဖြစ်ပါတယ်။ လူကြိုက်များတဲ့ NFTs တွေထဲမှာ CryptoKitties နဲ့ CryptoPunks တို့လို Collectibles တွေ ပါဝင်ပါတယ်။
Ref : indianexpress