Google က Pixel 6 Pro ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်ဖြစ်နေပြီး ရရှိမယ့် အချိန်ကို အသိပေးမယ့် Waitlist ကို ထုတ်ပြန်ကြေညာထားပါတယ်။ Google က Pixel 6 Series ကို မကြာခင်ကမှ ကြေညာထားတာ ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။

pixel 6 pro store waitlist message

Google Pixel 6 Pro ကို လူတွေ တော်တော် စိတ်ဝင်စားတဲ့ပုံပေါ်ပြီး Google Store Website မှာ Banner ၁ ခု လွှင့်တင်ထားပါတယ်။ Banner မှာ “ ဝယ်လိုအား များပြားနေတဲ့အတွက် Pixel 6 Pro မော်ဒယ် တချို့ ပစ္စည်းပြတ်နေသလို ပို့ဆောင်ချိန်ကြာမြင့်နိုင်ပါတယ်။ ပစ္စည်း ပြန်ရတဲ့အချိန်မှာ အသိပေးစာ ပေးပို့ပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် တခြား တခြား Authorized Retailers တွေမှာ ပစ္စည်းရှိသလားဆိုတာ စုံစမ်းနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Banner ရဲ့ အောက်ခြေမှာ ခလုတ် ၂ ခု ထည့်သွင်းထားပြီး ၁ ခုက Waitlist ကို Join နိုင်မယ့် ခလုတ်နဲ့ နောက် ၁ ခုက တခြား Retailer တွေမှာ ရှာဖွေနိုင်မယ့် ခလုတ် ဖြစ်ပါတယ်။

The Verge က Pixel 6 Pro မော်ဒယ်အားလုံး ပစ္စည်းပြတ်နေတာ မဟုတ်ဘဲ တချို့ မော်ဒယ်နဲ့ အရောင်တွေကို ဝယ်ယူလို့ရသေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အလုံးရေ များများစားစား မရှိနိုင်တဲ့အတွက် မြန်မြန် ဝယ်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။ Verizon က အမေရိကန်မှာ Pixel 6 Pro အတွက် အရောင်နဲ့ Storage Option များစွာ ရောင်းချပေးထားပါတယ်။

Google Store Website က Banner အရ Pixel 6 Pro ရဲ့ မော်ဒယ် တချို့ဟာ ပစ္စည်းပြတ်နေတာ ဖြစ်ပြီး Google က “ ပစ္စည်း ပိုမိုရရှိအောင် ပြုလုပ်နေချိန်မှာ Authorized Partner တွေဆီကနေ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်လို့  The Verge ကို ပြောပါတယ်။

Ref : gizmochina