Microsoft ရဲ့ Web Browser တွေဖြစ်တဲ့ Internet Explorer နဲ့ Edge Browser တွေဟာ တခြားသော Google Chrome ၊ Mozilla Firefox လိုမျိုး Browser တွေနဲ့ယှဥ်ရင် သိသိသာသာကို နှေးကွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Microsoft ကနေ Chromium Engine ကို ပြောင်းလဲအသုံးပြုထားတဲ့ Edge Browser ကို နောက်ဆုံးအနေနဲ့ မိတ်ဆက်ထားခဲ့ပြီး Chrome Browser ထက်တောင် မြန်ဆန်တဲ့အထိဖြစ်လာပါတယ်။

အခုလိုမျိုး Microsoft Edge Browser အသစ်မှာ Chromium Engine ကို ပြောင်းလဲအသုံးပြုလိုက်တာက အားသာချက်အနေနဲ့ Google Chrome Web Store မှာရှိတဲ့ Web Extension တွေကိုပါ စိတ်ကြိုက်အသုံးပြုလာနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသုံးပြုနိုင်တာကို Google အနေနဲ့ သိပ်ပြီး မကျေနပ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Edge Browser အသစ်မှာ Chrome Web Store က Extension တွေကို အသုံးပြုမယ်ဆိုရင် “Google recommends switching to Chrome to use extensions securely” ဆိုပြီး သတိပေးစာတန်းနဲ့အတူ Google Chrome ပဲ Download ပြုလုပ်ခိုင်းတဲ့ စာတန်းကို စတင်ဖော်ပြနေတာကြောင့်ဖြစ်ပါတယ်။

ဒါက Google အနေနဲ့ ပထမဆုံးအကြိမ် Microsoft ကို အနိုင်ကျင့်တာမျိုးမဟုတ်ဘဲ Google Game Streaming Service ဖြစ်တဲ့ Stadia ကိုလည်း Chrome Browser မှာပဲ ဆော့ကစားလို့ရအောင် Microsoft Edge အပါအဝင် တခြား Chromium-based Browser တွေကို ပိတ်ပင်ခဲ့ဖူးပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Microsoft Edge Browser အသစ်ဟာ Chrome မှာ ပါဝင်ခြင်းမရှိတဲ့ Reading Mode ၊ Webpage တွေကို App အဖြစ်ပြောင်းလဲနိုင်တဲ့အပြင် Security ပိုင်းမှာလည်း Google Chrome ထက် ပိုကောင်းတယ်လို့ ပြောလို့ရပါတယ်။

Ref – 9to5Google