Google က ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ Digital Wellbeing လုပ်ဆောင်ချက်ကို လွန်ခဲ့တဲ့ ၂ နှစ်က မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Digital Wellbeing မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီထဲက အလန်းစား လုပ်ဆောင်ချက်က Sleep Habit Tracking ဖြစ်ပြီး Default Google Clock App နဲ့ ဖုန်းရဲ့ Motion Sensor တွေကို အသုံးပြုပြီး သင် အိပ်စက်နေသလားဆိုတာ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က သင် အိပ်ယာထဲမှာ ဘယ် App တွေ သုံးလဲဆိုတာကိုပါ စစ်ဆေးပေးနိုင်ပါတယ်။

Activity Tracking အနေနဲ့ Google က သင် နေ့စဉ် ဖုန်း အသုံးပြုတာကို တွက်ချက်ပေးပြီး အဲဒီထဲမှာ App သုံးတာ၊ ဖုန်း Unlock လုပ်တာနဲ့ Screen ဖွင့်တာတွေ ပါပါတယ်။ နောက်လုပ်ဆောင်ချက် ၁ ခုက Night Notes ဖြစ်ပြီး ဒီ ၁ ခုက အူကြောင်ကြောင်နိုင်ပါတယ်။ သင် အိပ်ယာထဲမှာ ရှိချိန်မှာ မှတ်စုတွေ မှတ်သားထားနိုင်ပြီး နောက်နေ့ မနက်ကျရင် Digital Wellbeing က သင် မှတ်စုတွေ ဖတ်မလားလို့ မေးမှာပါ။ တခြား App ၁ ခုနဲ့လည်း ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ သိရပြီး XDA Developers က အဲဒါဟာ Google မဖြန့်ချိရသေးတဲ့ App လို့ ခန့်မှန်းပါတယ်။

Cross-Profile Screen Time Use က ရိုးရှင်းပြီး သင့် Work Profile မှာ Digital Wellbeing က အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Google က ဒေတာတွေကို Third-party App တွေနဲ့ မျှဝေဖို့ စီစဉ်နေပါတယ်။ Google က သူ့ရဲ့ Apps တွေ တင်မက တခြား App တွေအတွက်ပါ ဒေတာတွေ မျှဝေပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena