Unicode

Microsoft ကနေ လာမယ့် ဇန်နဝါရီလ ၁၄ ရက် ၂၀၂၀ ကြရင် Windows 7 အသုံးပြုနေတဲ့ ကွန်ပျူတာတွေကို Security Update နဲ့ Technical Assistance ပေးနေမှုကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်ထဲက Microsoft က ကြေညာထားသလိုပဲ Windows 7 ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ Windows 10 ကို မဖြစ်မနေပြောင်းလဲရမှာပါ။

Microsoft အနေနဲ့ ဒီလိုမျိုး Windows 7 အတွက် Support ပေးနေမှုကို ရပ်ဆိုင်းတော့မှာဖြစ်ပေမယ့် Google ကတော့ နောက်ထပ် ၁၈ လခန့် ဆက်ပြီးတော့ ဒီ Windows 7 OS အတွက် Chrome Support ကို ပေးသွားဦးမယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအတွက် Microsoft ရဲ့ End of Life ကြေညာတဲ့ရက်ရဲ့ နောက်ထပ် ၁၈ လအကြာ ဇူလိုင်လ ၁၅ ရက်နေ့ ၂၀၂၁ ခုနှစ်အထိဆက်ပြီး Windows 7 ပေါ်မှာ Google Chrome ကို ဆက်ပြီး အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

ဒီလိုမျိုး ဆက်လက်ပြီး Support ပေးနေရတာက Enterprise အချို့က အခုအချိန်အထိ Windows 10 ကို Upgrade မပြုလုပ်ရသေးတာကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။ တကယ်လို့ တချို့သော Enterprise တွေက ၁၈ လအတွင်း Windows 10 ကို Upgrade မလုပ်နိုင်သေးဘူးဆိုရင်လည်း ၂၀၂၃ အထိ ရွေ့ဆိုင်းနိုင်မှာပါ။

ပြီးခဲ့တဲ့လတုန်းကအထိ Statcounter ရဲ့ Report အရတော့ Windows 10 အသုံးပြုသူ ၆၅.၄ ရာခိုင်နှုန်းရှိနေတဲ့အချိန်မှာ Windows 7 ကို ဆက်လက်သုံးစွဲနေသူ ၂၆.၇၉ ရာခိုင်နှုန်းအထိ ရှိနေသေးတယ်လို့ သိရပါတယ်။

Ref – 9to5Google

Zawgyi

Microsoft ကေန လာမယ့္ ဇန္နဝါရီလ ၁၄ ရက္ ၂၀၂၀ ၾကရင္ Windows 7 အသုံးျပဳေနတဲ့ ကြန္ပ်ဴတာေတြကို Security Update နဲ႔ Technical Assistance ေပးေနမႈကို ရပ္ဆိုင္းေတာ့မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ယခင္ထဲက Microsoft က ေၾကညာထားသလိုပဲ Windows 7 ကို အသုံးျပဳေနတဲ့သူေတြအေနနဲ႔ Windows 10 ကို မျဖစ္မေနေျပာင္းလဲရမွာပါ။

Microsoft အေနနဲ႔ ဒီလိုမ်ိဳး Windows 7 အတြက္ Support ေပးေနမႈကို ရပ္ဆိုင္းေတာ့မွာျဖစ္ေပမယ့္ Google ကေတာ့ ေနာက္ထပ္ ၁၈ လခန္႔ ဆက္ၿပီးေတာ့ ဒီ Windows 7 OS အတြက္ Chrome Support ကို ေပးသြားဦးမယ္လို႔ ေၾကညာခဲ့ပါတယ္။ အဲ့ဒီအတြက္ Microsoft ရဲ႕ End of Life ေၾကညာတဲ့ရက္ရဲ႕ ေနာက္ထပ္ ၁၈ လအၾကာ ဇူလိုင္လ ၁၅ ရက္ေန႔ ၂၀၂၁ ခုႏွစ္အထိဆက္ၿပီး Windows 7 ေပၚမွာ Google Chrome ကို ဆက္ၿပီး အသုံးျပဳႏိုင္ဦးမွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ဆက္လက္ၿပီး Support ေပးေနရတာက Enterprise အခ်ိဳ႕က အခုအခ်ိန္အထိ Windows 10 ကို Upgrade မျပဳလုပ္ရေသးတာေၾကာင့္ျဖစ္တယ္လို႔လည္း သိရပါတယ္။ တကယ္လို႔ တခ်ိဳ႕ေသာ Enterprise ေတြက ၁၈ လအတြင္း Windows 10 ကို Upgrade မလုပ္ႏိုင္ေသးဘူးဆိုရင္လည္း ၂၀၂၃ အထိ ေ႐ြ႕ဆိုင္းႏိုင္မွာပါ။

ၿပီးခဲ့တဲ့လတုန္းကအထိ Statcounter ရဲ႕ Report အရေတာ့ Windows 10 အသုံးျပဳသူ ၆၅.၄ ရာခိုင္ႏႈန္းရွိေနတဲ့အခ်ိန္မွာ Windows 7 ကို ဆက္လက္သုံးစြဲေနသူ ၂၆.၇၉ ရာခိုင္ႏႈန္းအထိ ရွိေနေသးတယ္လို႔ သိရပါတယ္။

Ref – 9to5Google