ပြီးခဲ့တဲ့ရက်က Alphabet (Google ရဲ့ မိခင်ကုမ္ပဏီ) ဟာ  ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်အတွက် ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ခဲ့တဲ့အခါ CEO Sundar Pichai က Pixel စမတ်ဖုန်းတွေအတွက် OTA update လုပ်ငန်းစဉ်ဟာ အခုအချိန်မှာ အရှိန်အဟုန်ပြင်းနေပြီလို့ ပြောခဲ့ပါတယ်။

တကယ်တော့ ကုမ္ပဏီဟာ Hardware ပိုင်းကို မြှင့်တင်ဖို့နဲ့ Pixel line ကို ပိုပြီးအာရုံစိုက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လတွေအတွက် Pichai ရဲ့ ဆောင်ပုဒ်က “More Pixels” ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကုမ္ပဏီရဲ့ တစ်နှစ်ထက်တစ်နှစ် နှိုင်းယှဉ်ရောင်းရငွေဟာ အနည်းငယ်သာဖြစ်ပြီး အသားတင်ဝင်ငွေက သိသိသာသာ ကျဆင်းလာကြောင်းကို စာရင်းဇယားတွေက ဖော်ပြနေပါတယ်။

Pichai ကတော့ Pixel ရောင်းအားဟာ လက်ရှိမှာ သိသာထင်ရှားတဲ့ အရှိန်အဟုန်ကို ရရှိနေပြီလို့ အခိုင်အမာဆိုခဲ့ပါတယ်။ တကယ်တော့ Pixel 6a, 7 နဲ့ 7 Pro တို့ဟာ Pixel ရဲ့ ရောင်းအားအကောင်းဆုံး မျိုးဆက်ဖြစ်ပါတယ်။ မိတ်ဆက်လိုက်တဲ့နိုင်ငံတိုင်းမှာလည်း ဈေးကွက်ဝေစုတိုးပြီး ရနေပါတယ်။ ဒါကြောင့်လည်း Pixel တရားဝင် ရောင်းချတဲ့ နိုင်ငံ အရေအတွက်ကို ၁၇ နိုင်ငံအထိလည်း တိုးမြှင့်လာတာကို တွေ့ရပါတယ်။

ရောင်းအားတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းအတွက် အဖြေက တစ်ခုတည်းတော့ရှိမနေပါဘူး။ ဒါပေမဲ့ များများဝယ်နိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးမယ်ဆိုတဲ့နည်းလမ်းကတော့ အဖြေအများကြီးထဲက တစ်ခုပါ။ ဟုတ်ပါတယ်။ Google ဟာ Budget-friendly Pixel တွေကို သိပ်မကြာခင်မှာ ထုတ်သွားမှာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Google ဟာ Hardware ပိုင်းကို အရင်ကထက် ပိုပြီးအာရုံစိုက်လာမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Ref: Gizchina