Google Pixel 8 Series မိတ်ဆက်ပွဲမှ အကြီးမားဆုံး ကြေညာချက်က Software Support သက်တမ်းကို အများကြီး တိုးမြှင့်ပေးလိုက်တာပါ။ Google က အဓိက OS Update နဲ့ လုပ်ဆောင်ချက် Update ကို ၇ နှစ်ကြာပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒါဟာ တော်တော်ကြာကြာ ပေးထားတာ ဖြစ်ပြီး အထင်ကြီးစရာ ကောင်းပါတယ်။ Apple က iOS Device တွေအတွက် ပေးထားတဲ့ Software Support သက်တမ်းထက်တောင် သာလွန်နေတာ ဖြစ်ပါတယ်။ Google ရဲ့ Software Support သက်တမ်း နီးပါးလောက် ပေးထားတာက Fairphone 5 ဖြစ်ပါတယ်။

Google will provide 7 years of spare parts for the new Pixel 8 series

ဒါပေမယ့် ပြဿနာလေးတွေတော့ ရှိပါတယ်။ စမတ်ဖုန်းတွေဟာ ပျက်ဆီးတတ်ပြီး ဘက်ထရီတွေဟာ ၇ နှစ်အကြာမှာ သိသိသာသာ စွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။

ကံကောင်းတာက Google ဟာ အဲဒီအချက်ကို စဉ်းစားမိတာဖြစ်ပြီး Google ရဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က ကုမ္ပဏီဟာ Pixel 8 Series အတွက် ၇ နှစ်ကြာ Hardware Support ပေးမယ်လို့ ပြောပါတယ်။ Pixel 8 နဲ့ Pixel 8 Pro အတွက် Spare Parts တွေကို ၇ နှစ်အထိ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

Google Officially Announces the Pixel 8 Series - IGN

Google က Hardware Support ပေးမယ့် သတင်းအချက်အလက် အသေးစိတ်ကိုတော့ မပြောသေးပါဘူး။ ဒါပေမယ့် Google ဟာ ဥရောပနဲ့ အိန္ဒိယက တရားဝင် ဝက်ဘ်ဆိုက်ကနေ Spare Parts တွေကို ရောင်းချပေးနိုင်ပါတယ်။ အမေရိကန်မှာတော့ Google ရဲ့ Service Partner ဖြစ်တဲ့ iFixit ကနေ ရောင်းချနိုင်ပါတယ်။

Ref : gsmarena