Unicode

Google ရဲ့ Laptop OS တစ်ခုဖြစ်တဲ့ Chrome OS ကို အသုံးပြုထားတဲ့ Chromebook တွေဟာ Web Based OS တစ်ခုဖြစ်တဲ့အတွက် Performance ပိုင်းနဲ့ Feature ပိုင်းမှာတော့ Windows နဲ့ macOS တွေလောက် မကောင်းမွန်ပေမယ့် သုံးရတာ ပေါ့ပါးတာနဲ့အတူ Updates ပိုင်း မြန်ဆန်တာတွေကြောင့် ပညာရေးပိုင်းဆိုင်ရာကိစ္စတွေမှာ အသုံးပြုနေကြတဲ့ OS တစ်ခုဖြစ်နေတာလည်းဖြစ်ပါတယ်။

အခုလည်း Google ကနေ Chromebook တွေအတွက် Update ပိုင်းနဲ့ ပတ်သတ်ပြီးတော့ အားရဖို့ကောင်းတဲ့ သတင်းတစ်ခုကို ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ အခုလာမယ့် ၂၀၂၀ ခုနှစ်မှာ ထုတ်သွားမယ့် Chromebook တွေက နောက်ထပ် ၈ နှစ်အထိ Update ထုတ်ပေးသွားမယ်ဆိုပြီး ကတိပေးလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး ၈ နှစ်အထိ Updates တွေရရှိမယ့် Chromebook တွေက အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ Lenovo 10e Chromebook Tablet နဲ့ Acer Chromebook 712 တွေဖြစ်ပြီး လာမယ့် ဇွန်လ ၂၀၂၈ ခုနှစ်အထိ Update ရရှိသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ Chromebook တွေနဲ့ တူညီတဲ့ Hardware ကို အသုံးပြုပြီး ထွက်ရှိလာတဲ့ Chromebook တွေအနေနဲ့လည်း ၂၀၂၈ ခုနှစ်အထိပဲ ရရှိသွားမှာပါ။ အဲ့ဒါကြောင့် တကယ်လို့ နောက်နှစ်မှာ တူညီတဲ့ Hardware ကိုပဲ သုံးလာမယ်ဆိုရင် ၈ နှစ်အစား ၇ နှစ်ပဲ Update ရရှိမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပမာဏက လက်ရှိ Windows နဲ့ macOS တွေထက်တော့ သိသိသာသာကို သာလွန်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး နှစ်တွေအများကြီး Update လုပ်ပေးနိုင်တာက Chromebook တွေအတွက် အဓိကအားသာချက်တစ်ခုလို့ ပြောရမှာပါ။

Ref – GSM Arena

Zawgyi

Google ရဲ႕ Laptop OS တစ္ခုျဖစ္တဲ့ Chrome OS ကို အသုံးျပဳထားတဲ့ Chromebook ေတြဟာ Web Based OS တစ္ခုျဖစ္တဲ့အတြက္ Performance ပိုင္းနဲ႔ Feature ပိုင္းမွာေတာ့ Windows နဲ႔ macOS ေတြေလာက္ေတာ့ မေကာင္းမြန္ေပမယ့္ သုံးရတာ ေပါ့ပါးတာနဲ႔အတူ Updates ပိုင္း ျမန္ဆန္တာေတြေၾကာင့္ ပညာေရးပိုင္းဆိုင္ရာကိစၥေတြမွာ အသုံးျပဳေနၾကတဲ့ OS တစ္ခုျဖစ္ေနတာလည္းျဖစ္ပါတယ္။

အခုလည္း Google ကေန Chromebook ေတြအတြက္ Update ပိုင္းနဲ႔ ပတ္သတ္ၿပီးေတာ့ အားရဖို႔ေကာင္းတဲ့ သတင္းတစ္ခုကို ထပ္ၿပီး ထုတ္ျပန္ခဲ့ပါတယ္။ ဒါကေတာ့ အခုလာမယ့္ ၂၀၂၀ ခုႏွစ္မွာ ထုတ္သြားမယ့္ Chromebook ေတြက ေနာက္ထပ္ ၈ ႏွစ္အထိ Update ထုတ္ေပးသြားမယ္ဆိုၿပီး ကတိေပးလိုက္တာပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳး ၈ ႏွစ္အထိ Updates ေတြရရွိမယ့္ Chromebook ေတြက အခုေနာက္ဆုံးမိတ္ဆက္ထားတဲ့ Lenovo 10e Chromebook Tablet နဲ႔ Acer Chromebook 712 ေတြျဖစ္ၿပီး လာမယ့္ ဇြန္လ ၂၀၂၈ ခုႏွစ္အထိ Update ရရွိသြားမွာျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါ Chromebook ေတြနဲ႔ တူညီတဲ့ Hardware ကို အသုံးျပဳၿပီး ထြက္ရွိလာတဲ့ Chromebook ေတြအေနနဲ႔လည္း ၂၀၂၈ ခုႏွစ္အထိပဲ ရရွိသြားမွာပါ။ အဲ့ဒါေၾကာင့္ တကယ္လို႔ ေနာက္ႏွစ္မွာ တူညီတဲ့ Hardware ကိုပဲ သုံးလာမယ္ဆိုရင္ ၈ ႏွစ္အစား ၇ ႏွစ္ပဲ Update ရရွိမွာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီပမာဏက လက္ရွိ Windows နဲ႔ macOS ေတြထက္ေတာ့ သိသိသာသာကို သာလြန္ေနပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး ႏွစ္ေတြအမ်ားႀကီး Update လုပ္ေပးႏိုင္တာက Chromebook ေတြအတြက္ အဓိကအားသာခ်က္တစ္ခုလို႔ ေျပာရမွာပါ။

Ref – GSM Arena