Apple ရဲ့ iPhone တွေဟာ လက်ရှိအချိန်မှာ ရေရှည် Update ရချင်တယ်ဆိုရင် အသုံးပြုသင့်တဲ့ဖုန်းတွေလို့တောင် ပြောလို့ရပါတယ်။ အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ iOS 15 ဆိုရင်လည်း iPhone 6s အထိ Support ပေးထားတာကြောင့် Update ပိုင်းမှာ Android ဖုန်းတွေက လိုက်မမှီသေးဘူးလို့တောင် ပြောရမှာပါ။

ဒါပေမယ့်အခုအချိန်မှာတော့ Google ကနေ Pixel 6 Series ဖုန်းတွေနဲ့ Apple iPhone နီးပါး Software Update ကို ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Pixel 6 ဖုန်းတွေဟာ Update ပိုင်းမှာ ၅ နှစ်အထိရရှိသွားမယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါသတင်းကို အတည်ပြုနိုင်ခဲ့တာကြောင့် Marketing Website တစ်ခုဖြစ်တဲ့ Carphone Warehouse က EVLeaks ကနေတစ်ဆင့် ဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Google ရဲ့ Pixel 6 Marketing Information တွေထဲမှာ Android Security Update တွေကို ၅ နှစ်အထိရရှိမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Google Pixel Series စမတ်ဖုန်းတွေဟာ Software Update ပိုင်းမှာ ၃ နှစ်အထိရရှိနေတာဖြစ်ပြီး တခြားသော Android ဖုန်းတွေနဲ့ ယှဥ်ရင် အားသာနေတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ Samsung လိုမျိုး ဖုန်းထုတ်လုပ်သူတွေကလည်း Software Update ကို ၃ နှစ်အထိ ပေးလာတာကြောင့် အခုလိုမျိုး Pixel 6 Series ကို Update ၅ နှစ်အထိ ထုတ်ပေးမယ့်ပုံပါပဲ။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ချက်ကတော့ Pixel 6 Series ဟာ ပထမဆုံးအနေနဲ့ Google ရဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုထားတာကြောင့် ယခင်ကထက် Software Update ပိုင်းမှာ ပိုပြီး အဆင်ပြေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Android ဖုန်းတစ်လုံးကို ကြာရှည်ကိုင်ထားချင်တဲ့သူတွေအတွက်ကတော့ Google Pixel 6 Series က ရွေးချယ်စရာဖြစ်လာမှာပါ။

Ref – 9to5Google