နည်းပညာလောကရဲ့ ဘီလူးကြီး Google (Alphabet) ကတော့ ၂၀၂၅ ခုနှစ်မှာ ကုမ္ပဏီသမိုင်းတစ်လျှောက် မကြုံဖူးတဲ့ စံချိန်သစ်တစ်ခုကို တင်လိုက်ပါပြီ။ အဲဒါကတော့ တစ်နှစ်တာဝင်ငွေ ဒေါ်လာ ဘီလျံ ၄၀၀ ကျော် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

STK093_GOOGLE_A (1)

Cloud နည်းပညာနဲ့ YouTube တို့ရဲ့ အရှိန်အဟုန်ပြင်းပြင်း တိုးတက်လာမှုကြောင့် အခုလို မိုးမခစံချိန်ကို တင်နိုင်ခဲ့တာပါ။ အရင်နှစ်ကထက်စာရင် ဝင်ငွေ ၁၅ ရာခိုင်နှုန်းတောင် ပိုတိုးလာတယ်လို့ ဆိုပါတယ်။ YouTube တစ်ခုတည်းကတင် ကြော်ငြာနဲ့ Premium ကြေးတွေကနေ ဒေါ်လာ ဘီလျံ ၆၀ ကျော် ရှာပေးခဲ့တာဖြစ်ပြီး လက်ရှိ Streaming လောကရဲ့ နံပါတ် ၁ နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပါ။

Google's annual revenue tops $400 bn for first time

ဒါတင်မကသေးပါဘူး။ Google ရဲ့ AI နည်းပညာဖြစ်တဲ့ Gemini ကလည်း လူကြိုက်အရမ်းများနေပါတယ်။ Gemini 3 မော်ဒယ် ထွက်ပြီးတဲ့နောက်မှာ အသုံးပြုသူ အရေအတွက် သန်း ၇၅၀ အထိ ရှိလာခဲ့ပါပြီ။ စိတ်ဝင်စားစရာအကောင်းဆုံး သတင်းကတော့ Apple ရဲ့ Siri မှာတောင် ဒီ Gemini နည်းပညာကို အသုံးပြုဖို့ ရှိနေတာပါပဲ။

Google Search မှာလည်း AI Mode အသုံးပြုမှုတွေဟာ နေ့စဉ်နဲ့အမျှ နှစ်ဆတိုးလာနေပါတယ်။ ဒါကြောင့် Google အနေနဲ့ သူတို့ရဲ့ Gemini app နဲ့ AI Mode တွေမှာ ပစ္စည်းဝယ်ယူပြီး ငွေချေတာကို အလိုအလျောက်လုပ်ပေးမယ့် “agentic checkout” ဆိုတဲ့ အမိုက်စား feature သစ်တစ်ခုကို ထည့်သွင်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

Ref : Theverge