Apple AirDrop ကို ပုံစံတူ ပြုလုပ်ထားတဲ့ Google ရဲ့ Nearby Share ဟာ Windows အတွက် Beta အဆင့်ကနေကျော်လွန်သွားပါပြီ။ လူပေါင်း ၁.၇ သန်းကျော်နဲ့ စမ်းသပ်ပြီးနောက်မှာ ကုမ္ပဏီက Stable Version ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး ဒီလင့် ကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Nearby Share by Google exits beta on Windows, letting anyone transfer files seamlessly

Nearby Share ဟာ Android ဖုန်းတွေအကြားမှာ ဖိုင်တွေ လျှင်မြန်စွာ ပေးပို့မျှဝေနိုင်ပါတယ်။ ဖုန်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေ မတူညီရင်လည်း အလုပ်လုပ်ပါတယ်။ အခုတော့ Windows PC နဲ့ Android  Device တွေအကြားမှာပါ ဖိုင်တွေ လျှင်မြန်စွာ ပေးပို့နိုင်ပါပြီ။

Beta ကို ဖြန့်ချိထားကတည်းက Google က PC နဲ့ Android Device တွေအကြားမှာ ဖိုင်ပေါင်း သန်း ၅၀ ကျော်ကို မျှဝေထားကြတယ်လို့ ပြောပါတယ်။

Google's Nearby Share for Windows is now out of beta

Stable Version မှာ ဖိုင် ပေးပို့ရင် ကြာတဲ့ အချိန်ကို ပြသထားပြီး Notification မှာ Image Preview Function ပါလာပါတယ်။ အဲဒီအတွက် မှန်ကန်တဲ့ ဓါတ်ပုံကို ပေးပို့ထားသလားဆိုတာ သိသာစေပါတယ်။

Google က Dragonfly Pro လို Windows PC တချို့မှာ Nearby Share App ကို ကြိုတင်ထည့်သွင်းဖို့ HP နဲ့ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။

Ref: gsmarena