Google ဟာ ပြီးခဲ့တဲ့မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O Event မှာ Google Pixel 6a စမတ်ဖုန်းအပြင် တခြားသော Product တွေကိုပါ အများအပြားမိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Product တွေကတော့ ယခုနှစ်ကုန်ပိုင်းမှာရောင်းချသွားမယ့် Pixel 7 Series နဲ့ Google အတွက် ပထမဆုံးသော Smartwatch ဖြစ်လာမယ့် Pixel Watch တွေလည်းပါဝင်ခဲ့ပါတယ်။

အဆိုပါ Pixel Watch ဟာဆိုရင် Processor ပိုင်းမှာ ထွက်ရှိတာ အချိန်ကြာနေပြီဖြစ်တဲ့ Exynos Processor အပြင်နောက်ထပ် ကိုယ်ပိုင် Co-processor တစ်ခုကိုလည်း ထပ်မံထည့်သွင်းထားမှာဖြစ်ပါတယ်။ လက်ရှိ Smartwatch တွေထက်လည်း RAM ပိုင်းမှာ ပိုပြီး များပြားတဲ့ပမာဏထည့်သွင်းပေးထားတယ်လို့ သိရပြီး အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပါဘူး။

အခုလည်း 9to5Google ရဲ့ ပြောကြားချက်အရ Google Pixel Watch ရဲ့ နောက်ထပ် သတင်းတစ်ခုကို ထပ်မံသိရှိခဲ့ရပါတယ်။ ဒါကတော့ Google Pixel Watch ဟာ Apple Watch လိုမျိုးပဲ ဒီဇိုင်းမျိုးစုံပြောင်းလဲနိုင်မယ့် လက်ပတ်တွေကို ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Smartwatch တော်တော်များများဟာ Third-party လက်ပတ်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်တယ်ဆိုပေမယ့် Google ကတော့ ကိုယ်ပိုင်လက်ပတ်အမျိုးအစား အများအပြားထုတ်လုပ်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

Google ကနေ ထုတ်ပေးသွားမယ့် လက်ပတ်တွေကတော့ Milanese-style Mesh Band ၊ Leather Band ၂ မျိုး၊ Link Bracelet ၊ Fabric Band နဲ့ Silicone Band တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Apple Watch မှာ ရရှိနိုင်တဲ့ Solo Loop နဲ့ဆင်တူတဲ့ ချုံ့နိုင်၊ ချဲ့နိုင်မယ့် Loop Strap တစ်ခုကိုလည်း မိတ်ဆက်ဖို့ စီစဥ်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel Watch ဟာ Google ရဲ့ ပထမဆုံးသော Smartwatch ဖြစ်တာနဲ့အတူ လူစိတ်ဝင်စားမှုလည်း မြင့်မားနေတာဖြစ်ပါတယ်။ ဒါကြောင့် တကယ်ထွက်ရှိလာတဲ့အချိန်မှာလည်း အောင်မြင်မှုရရှိနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge