ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းက Qualcomm ကနေ Snapdragong 765 နဲ့ 865 Chipset တွေကို မိတ်ဆက်ထားပြီး GPU Driver တွေကို Update လုပ်နိုင်တော့မယ့် အစီအစဥ်တစ်ခုကို ကြေညာခဲ့ပါတယ်။ ယနေ့မှာလည်း Google ကနေ စမတ်ဖုန်းတွေရဲ့ GPU တွေကို Tweak ပြုလုပ်ပြီး Game Performance ကို ပိုကောင်းအောင်လုပ်ပေးနိုင်မယ့် Android GPU Inspector Tool အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

အခု Google ကနေ ထုတ်ပေးလိုက်တဲ့ Tool အသစ်ဟာ Adreno နဲ့ Mali GPU တွေကို Developer တွေအနေနဲ့ OTA Update ကနေတစ်ဆင့် စွမ်းဆောင်ရည်ပိုကောင်းလာအောင် OTA Driver Update ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ Google ကနေ Support ပြုလုပ်တဲ့စမတ်ဖုန်းတွေပဲ OTA Update ရရှိဦးမှာဖြစ်ပြီး Google ရဲ့ ပြောကြားချက်အရတော့ Pixel 4 စမတ်ဖုန်းတွေနဲ့ Samsung Galaxy Note 10 ၊ S10 ဖုန်းတွေပဲ ပါဝင်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Google ကတော့ နောက်ပိုင်းမှာ တခြားသော Device တွေကိုပါ Support ပြုလုပ်နိုင်အောင် ပြုလုပ်ပေးသွားမယ်လို့ ဆိုထားတဲ့အတွက် Android ဖုန်းတွေအနေနဲ့လည်း ကွန်ပျူတာ GPU တွေအတိုင်း Driver Update ကနေတစ်ဆင့် စွမ်းဆောင်ရည်ပိုတိုးလာစေတော့မှာပါ။

Qualcomm ရဲ့ ပြောကြားချက်အရတော့ အဆိုပါ GPU Update တွေရဲ့ Optimization တွေကနေ Game တွေဆော့ကစားတဲ့အချိန် GPU ရဲ့ ဝန်အားကို ၄၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တဲ့အတွက် Frame Rate တွေပိုကောင်းလာမှာဖြစ်သလို Battery Life လည်း ပိုပြီး တိုးတက်လာမှာဖြစ်ပါတယ်။ Qualcomm ဟာ Game Studio တွေဖြစ်တဲ့ Gameloft နဲ့ Blizzard Entertainment တွေနဲ့ ပူးပေါင်းပြီး Optimization တွေပြုလုပ်နေတဲ့အတွက် ယခုနှစ်အတွင်းမှာ GPU Driver Update တွေကို မြင်ရတော့မှာပါ။

Ref – GSM Arena