Rockstar Games ဟာ အခုအချိန်အထိ Grand Theft Auto 6 ကို ထုတ်ပေးခြင်းမရှိသေးပေမယ့် ယခင်တုန်းက ထုတ်ထားတဲ့ GTA Game တွေကိုပဲ Remaster အနေနဲ့ ပြန်လည်ထုတ်ပေးနေတာဖြစ်ပါတယ်။ PS5 မိတ်ဆက်တုန်းကလည်း GTA 5 ကိုပဲ PS5 အတွက် Remaster ပုံစံအနေနဲ့ Update ထုတ်ပေးခဲ့ပါသေးတယ်။

 

အခုလည်း ယခင်တုန်းက အောင်မြင်ခဲ့တဲ့ GTA Game တွေဖြစ်တဲ့ GTA 3 ၊ GTA Vice City နဲ့ GTA Sand Andreas ဂိမ်းတွေကို Trilogy Definitive Edition အနေနဲ့ ထပ်မံထုတ်ပေးတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Rockstar Games ကနေ အဆိုပါ ဂိမ်းတွေကို တရားဝင်ထုတ်ပေးမယ့်အချိန်ကို ကြေညာလိုက်ပါပြီ။

အဲ့ဒါကြောင့် အဆိုပါ GTA Trilogy Definitive Edition ဂိမ်းတွေဟာ PlayStation ၊ Xbox ၊ PC နဲ့ Nintendo အတွက် လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တရားဝင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ Digital Version နဲ့ Physical Version ကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Rockstar Games ရဲ့ ပြောကြားချက်အရ GTA Trilogy Definitive Edition ဂိမ်းတွေကို လာမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ Mobile Device တွေအတွက်ပါ ထုတ်ပေးသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Trilogy Definitive Edition ဂိမ်းတွေဟာ Graphic ပိုင်းမှာ ယခင်တုန်းကထက် ပိုကောင်းလာပြီး ဆော့ကစားရတာလည်း ပိုပြီး ကောင်းမွန်တဲ့ Experience တစ်ခုကို ရရှိစေမှာပါ။

Ref – Gizmo China