Apple ဟာ လက်ရှိမှာ iPad မော်ဒယ် ၆ မျိုးကို ထုတ်လုပ်ရောင်းချထားပြီး 7.9” iPad mini ကနေ 12.9” iPad Pro အထိ အစားစား ရှိပါတယ်။ Apple ဟာ ၂၀၂၄ ခုနှစ်မှာ တက်ဘလက် အသစ်တွေကို ကြေညာမယ်လို့ Bloomberg ရဲ့ Mark Gurman က ပြောပါတယ်။ သူရဲ့ နောက်ဆုံး သတင်းအရ Apple ဟာ iPad Air နဲ့ iPad Pro မော်ဒယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကွဲပြားအောင် ပြုလုပ်ခြင်းဖြင့် iPad Brand ကို ရှင်းလင်းအောင် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။

Apple's current iPad lineup

Apple ဟာ Apple M2 Chipset ပါတဲ့ 10.9” နဲ့ 12.9” iPad Air မော်ဒယ်အသစ်တွေကို ၂၀၂၄ ခုနှစ် မတ်လမှာ ကြေညာနိုင်ပါတယ်။ Apple ဟာ ဆန်းသစ်ထားတဲ့ ဒီဇိုင်း၊ OLED ProMotion Display ၊ Apple M3 Chip နဲ့ Magic Keyboard Accessory အသစ် ပါတဲ့ iPad Pro 11” နဲ့ 13” မော်ဒယ်အသစ်တွေကိုလည်း ကြေညာမှာ ဖြစ်ပါတယ်။

Gurman: Apple to refresh its iPad lineup with new Air and Pro models in 2024

iPad အသစ်တွေကို တိုးချဲ့ထုတ်လုပ်ပေးပြီး Apple ဟာ စွမ်းဆောင်ရည်အလိုက် iPad Air နဲ့ iPad Pro အကြားမှာ ကွဲပြားစွာ ခွဲခြားထားမှာ ဖြစ်ပါတယ်။ အခြေခံ iPad 2022 ရဲ့ မော်ဒယ် အသစ်ကို နောက်ပိုင်းကျမှ ကြေညာနိုင်ပါတယ်။ iPad mini (2021) ရဲ့ မျိုးဆက်သစ်ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပေမယ့် အချိန်ကို မသိရသေးပါဘူး။

ref : gsmarena