Apple က အပါးလွှာဆုံး iPhone ဖြစ်တဲ့ iPhone 17 Air ကို ဖန်တီးနေပါတယ်။ အခုတော့ Mark Gurman က Apple အရာရှိတွေဟာ USB-C ကို ဖယ်ရှားပြီး iPhone 17 Air မှာ Port မပါအောင် ပြုလုပ်ထားမယ်လို့ ပြောပါတယ်။
ဥရောပသမဂ္ဂက Apple ကို USB Standard ကို ပြောင်းလဲ အသုံးပြုဖို့ ဖိအားပေးခဲ့ပြီးနောက် Apple က ဘာ Port မှ မပါအောင် ပြုလုပ်နေပါတယ်။
Mark Gurman က iPhone 17 Air မှာ Charging Port မပါလာဘဲ အလွန်ပါးလွှာမယ်လို့ ပြောပါတယ်။ သူက အဲဒီဖုန်း အောင်မြင်သွားရင် Apple ဟာ အနာဂတ်မှာ အလားတူ ဖုန်းတွေကို ထုတ်လုပ်ရောင်းချနိုင်တယ်လို့ ပြောပါတယ်။
iPhone 17 Air မှာ 6.6” Display , Dynamic Island , Camera Control Button ပါလာနိုင်ပါတယ်။ Port မပါတဲ့အတွက် အားသွင်းဖို့ Wireless Charging ထည့်ပေးထားနိုင်ပါတယ်။
Apple က iPhone 17 Air ကို ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။
Ref : gsmarena