၂၀၂၂ ခုနှစ် အစောပိုင်းက တွေ့ရှိခဲ့တဲ့ တွစ်တာရဲ့ လုံခြုံရေးဟာကွက် ၁ ခုကနေ User ၅.၄ သန်းရဲ့ သတင်းအချက်အလက်တွေ ခိုးယူခံခဲ့ရပြီး အခုတော့ ဟက်ကာက အဲဒီ သတင်းအချက်အလက်တွေကို ရောင်းချနေပါတယ်။

Twitter

User ၅.၄ သန်းရဲ့ သတင်းအချက်အလက်တွေ ခိုးယူခံရတာဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လက T-Mobile Customer ၄၇၈ သန်းရဲ့ သတင်းအချက်အလက်တွေ ခိုးယူခံရတာနဲ့ နှိုင်းယှဉ်ရင် သေးငယ်တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီလထဲမှာပဲ AT&T User သန်း ၇၀ ရဲ့ သတင်းအချက်အလက်တွေ ခိုးယူခံရတာထက်လည်း နည်းပါသေးတယ်။

Restore Privacy က အခု ရောင်းချနေတဲ့ တွစ်တာ သုံးစွဲသူတွေရဲ့ ဒေတာတွေဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ လုံခြုံရေး ဟာကွက်ကြောင့်လို့ ပြောပါတယ်။ တွစ်တာက အဲဒီ လုံခြုံရေး ပြဿနာကို သိရှိခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့သူ Zhirinovskiy ကို ဆုကြေးငွေ ဒေါ်လာ ၅,၀၄၀ ပေးခဲ့ပါတယ်။

Restore Privacy ရဲ့ Sven Taylor က “ ဟက်ကာဟာ အဲဒီ ဒေတာတွေကို ဒေါ်လာ ၃ သောင်းနဲ့ ရောင်းချနေပြီး နာမည်ကျော်ကြား လူသိများသူတွေ ကနေ ကုမ္ပဏီတွေရဲ့ ဒေတာတွေ ပါဝင်ပါတယ်။ “ လို့ ပြောပါတယ်။

ရောင်းချသူဟာ အဲဒီ ဒေတာတွေအကြောင်းကို Breach Forums Website မှာ တင်ထားပြီး ဒေတာတွေထဲမှာ User တွေရဲ့ ဖုန်းနံပါတ်၊ အီးမေး လိပ်စာတွေ ပါဝင်ပါတယ်။ Password တွေ မပါပေမယ့် အီးမေးတွေကနေ Password ကို ခိုးယူနိုင်ခြေရှိပါတယ်။

တွစ်တာက ဒီအကြောင်းကို ဘာမှ မတုန့်ပြန်သေးပါဘူး။

Ref : appleinsider