Qualcomm က Snapdragon 8 Gen 2 ကို ကြေညာပြီးတာနဲ့ စမတ်ဖုန်း ကုမ္ပဏီတွေက အဲဒီ Chipset ကို ထည့်သွင်းထားမယ့် စမတ်ဖုန်းတွေကို အသိပေးလာပါတယ်။ Snapdragon 8 Gen 2 ကို ကြေညာတဲ့ပွဲမှာ အဲဒီ Chipset ပါတဲ့ ဖုန်းတွေကို ဖန်တီးနေတဲ့ ကုမ္ပဏီတွေအကြောင်း Qualcomm က ပြောခဲ့ပါတယ်။

Here are the companies working on Snapdragon 8 Gen 2 powered flagships - GSMArena.com news

OnePlus က  11 Series မှာ Snapdragon 8 Gen 2 Chipset ကို အစောဆုံး အသုံးပြုထားမယ်လို့ ပြောပါတယ်။ Xiaomi ကလည်း အားကျမခံ အဲဒီ Chipset ကို Xiaomi 13 Series မှာ အစောဆုံး ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Here are the companies working on Snapdragon 8 Gen 2 powered flagships - GSMArena.com news

OPPO က Find X6 Pro မှာ အဲဒီ Chipset ကို ထည့်သွင်းထားမယ်လို့ အသိပေးလိုက်ပြီး Motorola က Moto X40 Series မှာ တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ vivo က X90 Series မှာ ထည့်သွင်းထားမယ်လို့ ပြောပြီး Snapdragon 8 Gen 2 ဟာ Gaming ဖုန်းတွေအတွက် အလွန်ကောင်းတဲ့အတွက် iQOO 11 မှာလည်း သုံးထားမှာပါ။

Red Magic 8 Pro နဲ့ ZTE Axon 50 မှာလည်း အဲဒီ Chipset ကို ထည့်သွင်းထားမှာ ဖြစ်ပြီး Meizu ကလည်း SD 8 Gen 2 ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေပါတယ်။

Ref : gsmarena