စမတ်ဖုန်း အသစ်တွေဟာ လတိုင်း ထွက်နေပြီး စမတ်ဖုန်း Brand တွေကို လူတွေ ကြိုက်နှစ်သက်တဲ့ အမူအကျင့်တွေဟာလည်း အမြဲပြောင်းလဲနေပါတယ်။ မကြာခင်က တရုတ်ရဲ့  ထိပ်တန်း Brand Rating နဲ့ Brand Consulting Agency ဖြစ်တဲ့ Chnbrand က 2022 China Customer Satisfaction Index – Mobile Phone Satisfaction Ranking ကို ထုတ်ပြန်လိုက်ပါတယ်။

best budget smartphones in Singapore in 2022

တရုတ်က Customer တွေ စိတ်ကျေနပ်မှုရှိတဲ့ စမတ်ဖုန်း Brand တွေကို အဆင့်သတ်မှတ်ပေးထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အလွန်ပြောင်းလဲသွားတာကို မြင်ရပါတယ်။ Customer တွေ စိတ်ကျေနပ်မှု အရှိဆုံး စမတ်ဖုန်း Brand ၉ ခုကို အောက်မှာ လေ့လာနိုင်ပါတယ်။

customer satisfaction

Apple

Huawei

Xiaomi

OPPO

Honor

iQOO

Redmi

vivo

Samsung

Apple , Huawei နဲ့ Xiaomi တို့ဟာ Customer တွေ စိတ်ကျေနပ်မှု (C-CSI) အရှိဆုံး ထိပ်ဆုံး Brand ၃ ခု ဖြစ်ပြီး ရမှတ်က ၈၆.၂ ၊ ၈၅.၅ နဲ့ ၈၃.၁ အသီးသီး ရထားပါတယ်။ ထိပ်ဆုံး ၃ နေရာဟာ ၂၀၂၁ ခုနှစ်နဲ့ ယှဉ်ရင် ဘာမှ မပြောင်းလဲပါဘူး။ ဒါပေမယ့် နံပါတ် ၄ နဲ့ နံပါတ် ၉ နေရာတွေက များစွာ ပြောင်းလဲသွားပါတယ်။ OPPO ဟာ အဆင့် ၄ ခု တက်ခဲ့ပြီး နံပါတ် ၄ နေရာ၊ Honor ဟာ ၁ ဆင့်ကျသွားပြီး နံပါတ် ၅ နေရာကို ရသွားပါတယ်။ iQOO နဲ့ Redmi တို့က စာရင်းထဲ ပထမဆုံး အကြိမ်ပါလာပြီး နံပါတ် ၆ နဲ့ ၇ နေရာကို အသီးသီး ရထားပါတယ်။ vivo နဲ့ Samsung တို့က အဆင့် ၃ ခုနဲ့ ၂ ခု အသီးသီး ကျသွားပြီး နံပါတ် ၈ နဲ့ နံပါတ် ၉ နေရာကို အသီးသီးရထားပါတယ်။

Ref : gizchina