Xiaomi က တန်ဖိုးနည်း Redmi Pad 2 တက်ဘလက်ကို ကြေညာဖို့ ပြင်ဆင်နေပြီး YTECHB က အဲဒီ တက်ဘလက်ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ တက်ဘလက်မှာ 11” IPS LCD 1600x2500p Display ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမယ်လို့ သတင်းထွက်နေပါတယ်။

Redmi Pad 2 in Graphite Gray

Chipset အတွက် MediaTek Helio G100 Ultra ကို သုံးထားမှာ ဖြစ်ပြီး 4/8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Dolby Atmos ပါတဲ့ စပီကာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Android 15 အခြေပြု Xiaomi HyperOS 2.1 ပါလာနိုင်ပြီး 9,000mAh Battery နဲ့ 18W Charging ထောက်ပံ့ထားမှာပါ။ USB-C Port နဲ့ နားကြပ်ပေါက် ပါလာမှာပါ။

Redmi Pad 2 4/128GB Version ကို ၂၂၉ ယူရိုနဲ့ 8/256GB Version ကို ၂၇၉ ယူရို သတ်မှတ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : Gsmarena