Qualcomm က စွမ်းရည်မြင့် Snapdragon 8 Gen 4 Chip ကို အောက်တိုဘာလမှာ ကြေညာတော့မှာ ဖြစ်ပြီး ဘယ်ဖုန်းက အဲဒီ Chip ကို ပထမဆုံး ထည့်သွင်းထားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုတော့ ခိုင်မာတဲ့ သတင်းအရင်းအမြစ် ၁ ခုက Xiaomi ဟာ Snapdragon 8 Gen 4 ကို အစောဆုံး အသုံးပြုဖို့ Qualcomm နဲ့ သဘောတူညီထားတယ်လို့ ပြောပါတယ်။ အဲဒီ SoC ပါတဲ့ ပထမဆုံး ဖုန်း ၂ လုံးက Xiaomi 15 နဲ့ Xiaomi 15 Pro တို့ ဖြစ်ပါတယ်။

Could Qualcomm Launch A Snapdragon 8s Gen 4 In 2025 To Offer Its Partners A  More Affordable Solution To The Snapdragon 8 Gen 4?

အဲဒီနောက်မှာ OnePlus 13 နဲ့ iQOO 13 တို့က အဲဒီ Chip ကို ရကြမှာပါ။ အဲဒီဖုန်းတွေ အစဉ်လိုက် ထွက်လာမယ့် အချိန် အတိအကျကိုတော့ မသိရသေးပါဘူး။ OnePlus 12, iQOO 12 , Xiaomi 14 နဲ့ Xiaomi 14 Pro တို့ဟာ Snapdragon 8 Gen 3 ပါတဲ့ အစောဆုံး ဖုန်းတွေ ဖြစ်ခဲ့ပါတယ်။

Xiaomi 15, OnePlus 13 နဲ့ iQOO 13 တို့ကို တရုတ်မှာ အရင် ကြေညာမှာ ဖြစ်ပြီး အဲဒီနောက် ရက်သတ္တပတ်အနည်းငယ်ကြာမှ နိုင်ငံတကာမှာ ကြေညာမှာ ဖြစ်ပါတယ်။ ဒါက ထုံးစံ ဖြစ်ပါတယ်။ Xiaomi 14 Pro ကို နိုင်ငံတကာမှာ မရောင်းချခဲ့တဲ့အတွက် Xiaomi 15 Pro ဟာလည်း အဲဒီအတိုင်း  ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena