OnePlus ဟာ လာမယ့်အောက်တိုဘာလ ၁၄ ရက်နေ့မှာ OnePlus 8T စမတ်ဖုန်းကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် OnePlus က တရားဝင်မိတ်မဆက်ခင်မှာ အသစ်ပါဝင်လာမယ့် Feature တွေကိုပဲ ပြောကြားလေ့ရှိပေမယ့် အခုအချိန်မှာတော့ လုံးဝကို Design အပြည့်အစုံ ဖော်ပြလိုက်ပါပြီ။

OnePlus ကနေ တရားဝင်ပြသခဲ့တဲ့ Teaser Video အရ OnePlus 8T ဟာ ယခင်တုန်းက ထွက်ရှိထားတဲ့ Render ဓါတ်ပုံတွေလိုမျိုးပဲ လေးထောင့်ပုံစံ Camera Setup ကို အသုံးပြုထားမယ်ဆိုတာ သေချာသွားပြီဖြစ်ပါတယ်။ Sensor အနေနဲ့ Quad Camera Sensor Setup ကိုထည့်သွင်းထားပြီး Primary Sensor ကိုတော့ 48MP Sensor အသုံးပြုထားမှာဖြစ်ပါတယ်။

OnePlus ကတော့ “Designed to Perform” ဆိုပြီး ပြောကြားထားပေမယ့် အခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S20 Series ဖုန်းတွေနဲ့ ဆင်တူနေတာကတော့ ငြင်းလို့မရပါဘူး။ Galaxy S20 Series တွေလိုမျိုးပဲ OnePlus 8T ဟာ Single Punch-hole Selfie Camera ပါဝင်တဲ့ 120Hz AMOLED Display ကိုပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒါပေမယ့် Curved Display အစား ပုံမှန် Flat Display ပဲဖြစ်လာဖို့များနေပါတယ်။ အရောင်အနေနဲ့ကတော့ “Ultramarine Green” နာမည်နဲ့ အစိမ်းရောင်အသစ်ပါဝင်လာမှာပါ။

OnePlus 8T စမတ်ဖုန်းဟာ Qualcomm Snapdragon 865 သို့မဟုတ် 865+ Chipset ကို အသုံးပြုထားမှာဖြစ်ပြီး OnePlus ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 65W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေနဲ့ စျေးနှုန်းကတော့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့ကျမှပဲ သိရှိရမှာပါ။

ဖြစ်နိုင်တာကတော့ OnePlus ကနေ အခုလိုမျိုး OnePlus 8T ရဲ့ Design Video ကို အရင်ချပြလိုက်တာက အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း Apple ကနေ iPhone 12 Series ဖုန်းတွေကို မိတ်ဆက်ဖို့စီစဥ်လိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။

Ref – 9to5Google