Samsung ဟာ Huawei Mate XT ၃ ခေါက်ချိုးဖုန်းကို ယှဉ်ပြိုင်ဖို့ စီစဉ်နေပါတယ်။ Samsung ဟာ ၃ ခေါက်ချိုးဖုန်းကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။
အဲဒီဖုန်းကို အလုံးရေ ၂၀၀,၀၀၀ ဝန်းကျင်ပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အခုတော့ ကိုရီးယား ကနေ အဲဒီဖုန်း ရောင်းချမယ့် အချိန်နဲ့ ပတ်သက်ပြီး သတင်းထွက်လာပါတယ်။ ကွာတား ၃ မှာ ရောင်းချမှာ ဖြစ်တဲ့အတွက် ဇူလိုင်လနဲ့ စက်တင်ဘာလအကြားမှာ ဖြစ်နိုင်ပါတယ်။
ဒါဟာ Samsung ရဲ့ Foldable ဖုန်း ကြေညာတဲ့ အချိန်နဲ့ ကိုက်ညီနေပါတယ်။ အဲဒီအတွက် ၃ ခေါက်ချိုးဖုန်းကို Galaxy Z Fold7 , Galaxy Z Flip7 တို့နဲ့အတူ ကြေညာနိုင်ပါတယ်။ ၃ ခေါက်ချိုးဖုန်းကို ကွာတား ၂ မှာ စတင် ထုတ်လုပ်နိုင်ပြီး ဧပြီလနဲ့ ဇွန်လအကြားမှာ ဖြစ်နိုင်ပါတယ်။ ဖုန်း မျက်နှာပြင်ဟာ ဖြန့်ထားရင် ၉.၉ ကနေ ၁၀ လက်မ ဝန်းကျင် ဖြစ်နိုင်ပါတယ်။
အဲဒီဖုန်း ပါပါရင် Samsung ဟာ ဒီနှစ်ထဲမှာ Foldable ဖုန်း အနည်းဆုံး ၄ လုံး ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ Galaxy Z Flip FE လည်း ပါဝင်မှာပါ။
၃ ခေါက်ချိုးဖုန်းမှာ ဘာ Chipset သုံးထားမလဲ ဆိုတာ မသိရသေးပါဘူး။ Fold7 , Flip7 မှာ Exynos 2500 သုံးထားနိုင်ပါတယ်။
Ref : gsmarena