OnePlus ဟာ လာမယ့်အောက်တိုဘာလ ၁၄ ရက်နေ့မှာ OnePlus 8T စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ OnePlus 8T ဖုန်းအပြင် OnePlus အတွက် ဒုတိယမြောက် True Wireless (TWS) Earbuds တစ်ခုဖြစ်တဲ့ OnePlus Buds Z ကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OnePlus ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက OnePlus Nord ဖုန်းနဲ့အတူ $79 တန် OnePlus Buds ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုထွက်ရှိလာမယ့် OnePlus Buds Z ဟာ စျေးပိုသက်သာနိုင်ပြီး ခန့်မှန်းစျေးနှုန်းအနေနဲ့ $49 ဝန်းကျင်ပဲရှိမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ OnePlus Buds Z ရဲ့ ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံတွေကို OxygenOS 11 Beta ကနေ ရရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုထွက်ပေါ်လာတဲ့ဓါတ်ပုံတွေအရ OnePlus Buds Z ဟာ Honor Magic Earbuds တွေနဲ့တော်တော်လေးကို ဆင်တူနေပြီး ယခင် OnePlus Buds နဲ့ မတူညီတဲ့ Charging Case ကို အသုံးပြုလာမှာပါ။ ဒါ့အပြင် Silicon Eartips တွေကို ထည့်သွင်းတာကိုလည်း တွေ့ရပါတယ်။

Charging Case အနေနဲ့ကတော့ သေးငယ်ပြီးတော့ အရှေ့ဘက်မှာ Status LED နဲ့အတူ နောက်ဖက်မှာ USB-C Charging Port နဲ့ Pairing Button ပါဝင်မှာဖြစ်ပါတယ်။ Wireless Charging တော့ ပါဝင်မှာမဟုတ်ဘဲ အရောင်အနေနဲ့ Black ၊ White နဲ့ Silver ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

OnePlus ရဲ့ တရားဝင်ပြောကြားချက်အရတော့ OnePlus Buds Z TWS Earbuds တွေဟာ IP55 Dust & Water Resistant Rating ရရှိထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့မှပဲ တရားဝင်သိရှိရမှာဖြစ်ပါတယ်။

Ref – XDA Developers