[Unicode]
E-ink Display ပါတဲ့ Hisense A5 ကို ပြီးခဲ့တ ဲ့နှစ်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖုန်းမှာ အဖြူ၊ အမည်းပဲ မြင်ရတာပါ။ အခုတော့ Hisense က CES 2020 မှာ Color E-ink Display ပါတဲ့ နမူနာ ဖုန်းမော်ဒယ်ကို ပြသလိုက်ပါတယ်။ အဲဒီ Display နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ သိပ်မသိရသေးပါဘူး။ ဒါပေမယ့် Display အသစ်ဟာ A5 ထက် ကြည်လင်ပြတ်သားမှုနဲ့ Refresh Rate အပိုင်းမှာ ပိုလန်းလာမယ်လို့ သိ ရပါတယ်။
ပုံမှန်အားဖြင့် Color E-ink Display တွေဟာ Monochrome Screens တွေထက် Refresh Rate ပိုနှေးလေ့ရှိပါတယ်။ ဒါဟာ E-reader တွေအတွက် ပြဿနာ မရှိပေမယ့် စမတ်ဖုန်း UI တွေအတွက်တော့ ပြဿနာ ရှိနိုင်ပါတယ်။
Color E-ink Display တွေကို ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လကြားမှာ အမြောက်အများ ထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် Hisense က အဲဒီဖုန်းကို ‌ေ ရာင်းမယ့်အချိန်ကို မပြောသေးပါဘူး။
E-ink Display တွေဟာ မျက်လုံးထိခိုက်တာကို သက်သာစေတဲ့အတွက် စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုရင် အရမ်းကို လန်းသွားမှာပါ။ Hisense သာ Refresh Rate ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် အရမ်းမိုက်တဲ့ စမတ်ဖုန်း Display တွေ သုံးနိုင်တော့မှာပါ။
Ref : gsmarena
[Zawgyi]
Hisense က Color E-ink Display ပါတဲ့ နမူနာ ဖုန်းမော်ဒယ်ကို ပြသ
Ref : gsmarena