Unicode

Huawei ရဲ့ HiSilicon Mobile Chipset တွေဟာ Huawei ရဲ့ ကိုယ်ပိုင်စမတ်ဖုန်းတွေနဲ့ Honor ဖုန်းတွေမှာပဲ အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ ဒါက ပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် HiSilicon ကနေ ထုတ်လုပ်တဲ့ 4G Chip တွေကို တခြားသောဝယ်ယူသူတွေရှိလာမယ်ဆိုရင် ရောင်းချသွားတော့မယ်ဆိုပြီး ELEXCON 2019 Tradeshow မှာ ကြေညာသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ HiSilicon Division ဟာဆိုရင် လွန်ခဲ့တဲ ၁၉၉၁ ခုနှစ်ထဲက တည်ထာင်ခဲ့တာဖြစ်ပေမယ့် အခုအချိန်အထိကို Huawei အတွက်ပဲ Component တွေထုတ်လုပ်ပေးနေခဲ့တာပါ။

HiSilicon ကနေ Camera ပိုင်းဆိုင်ရာ Product တွေကို Smart Vision Brand အနေနဲ့ နာမည်ပြောင်းခဲ့ပြီး Consumer နဲ့ Automotive Electronics ပိုင်းတွေအတွက် Computing Product တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Computing Product တွေထဲမှာ အဓိကကျတာကတော့ 8K HEVC Video တွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်စွမ်းရှိတဲ့ Hi3559C Processor ပဲဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ HiSilicon ကနေ Set-top Box တွေ၊ Television တွေကိုလည်း Smart Media ဆိုပြီး ခွဲထုတ်လိုက်သလို High Performance Linux-based SoC တွေနဲ့ 4K/FullHD Processor တွေကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း IoT ပိုင်းဆိုင်ရာနယ်ပယ်တွေမှာပါ Product တွေကို ပိုပြီး အားစိုက်ထုတ်လုပ်သွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Huawei အတွက်ပဲ Component တွေထုတ်လုပ်ပေးနေရာကနေ တခြားသော ထုတ်လုပ်သူတွေကိုပါ ရောင်းချတော့မယ်ဆိုတော့ နောက်ပိုင်းမှာ HiSilicon က ပိုပြီးကြီးမားတဲ့ Division တစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China

Zawgyi

Huawei ရဲ႕ HiSilicon Mobile Chipset ေတြဟာ Huawei ရဲ႕ ကိုယ္ပိုင္စမတ္ဖုန္းေတြနဲ႔ Honor ဖုန္းေတြမွာပဲ အသုံးျပဳေနတာျဖစ္ပါတယ္။ ဒါေပမယ့္အခုအခ်ိန္မွာေတာ့ ဒါက ေျပာင္းလဲသြားေတာ့မွာပါ။

ဘာေၾကာင့္လဲဆိုရင္ HiSilicon ကေန ထုတ္လုပ္တဲ့ 4G Chip ေတြကို တျခားေသာဝယ္ယူသူေတြရွိလာမယ္ဆိုရင္ ေရာင္းခ်သြားေတာ့မယ္ဆိုၿပီး ELEXCON 2019 Tradeshow မွာ ေၾကညာသြားခဲ့တာျဖစ္ပါတယ္။ အဆိုပါ HiSilicon Division ဟာဆိုရင္ လြန္ခဲ့တဲ ၁၉၉၁ ခုႏွစ္ထဲက တည္ထာင္ခဲ့တာျဖစ္ေပမယ့္ အခုအခ်ိန္အထိကို Huawei အတြက္ပဲ Component ေတြထုတ္လုပ္ေပးေနခဲ့တာပါ။

HiSilicon ကေန Camera ပိုင္းဆိုင္ရာ Product ေတြကို Smart Vision Brand အေနနဲ႔ နာမည္ေျပာင္းခဲ့ၿပီး Consumer နဲ႔ Automotive Electronics ပိုင္းေတြအတြက္ Computing Product ေတြကို ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။ အဆိုပါ Computing Product ေတြထဲမွာ အဓိကက်တာကေတာ့ 8K HEVC Video ေတြကို 30fps ႏႈန္းနဲ႔ ႐ိုက္ကူးႏိုင္စြမ္းရွိတဲ့ Hi3559C Processor ပဲျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ HiSilicon ကေန Set-top Box ေတြ၊ Television ေတြကိုလည္း Smart Media ဆိုၿပီး ခြဲထုတ္လိုက္သလို High Performance Linux-based SoC ေတြနဲ႔ 4K/FullHD Processor ေတြကို ထုတ္လုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ထပ္လည္း IoT ပိုင္းဆိုင္ရာနယ္ပယ္ေတြမွာပါ Product ေတြကို ပိုၿပီး အားစိုက္ထုတ္လုပ္သြားမယ္ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး Huawei အတြက္ပဲ Component ေတြထုတ္လုပ္ေပးေနရာကေန တျခားေသာ ထုတ္လုပ္သူေတြကိုပါ ေရာင္းခ်ေတာ့မယ္ဆိုေတာ့ ေနာက္ပိုင္းမွာ HiSilicon က ပိုၿပီးႀကီးမားတဲ့ Division တစ္ခုျဖစ္လာႏိုင္ပါတယ္။

Ref – Gizmo China