HMD Global က Nokia Feature ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ Nokia 6300 4G နဲ့ Nokia 8000 4G လို့ နာမည်ပေးထားပြီး KaiOS နဲ့အတူ WhatsApp, Google Maps နဲ့ Assistant အပါအဝင် အသုံးဝင်တဲ့ App များစွာ ထည့်သွင်းပေးထားပါတယ်။ 6300 4G အကြောင်းကို စပြောရရင် ၂၀၀၆ ခုနှစ်ထုတ် မော်ဒယ်နဲ့ တော်တော် တူပါတယ်။ ဒါပေမယ့် Nokia 8000 4G မှာ အရင်မျိုးဆက် 8000 Series ဖုန်းတွေမှာလို Slide-out Keypad မပါလာပါဘူး။

Nokia 6300 4G

6300 4G မှာ ၂.၄ လက်မ LCD 320x240p မျက်နှာပြင် ထည့်သွင်းထားပြီး ကိုယ်ထည်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ အနောက်ဘက်မှာ VGA ကင်မရာ ၁ လုံးထဲ တပ်ဆင်ထားပြီး Snapdragon 210 Chipset , 4GB Storage ပါတဲ့အပြင် ဒေတာတွေ ပိုသိမ်းနိုင်ဖို့ microSD Slot ထည့်သွင်းထားပါတယ်။ Nokia က Standby သုံးရင် ၂၅ ရက်တောင် အသုံးခံတယ်လို့ ကြေညာထားပြီး နားကြပ်ပေါက်၊ FM Radio Receiver နဲ့ WiFi Hotspot တွေ ပါလာပါတယ်။

Light Charcoal , White နဲ့ Cyan Green ၃ ရောင် ထုတ်လုပ်ထားပြီး ၄၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၇ သောင်းခွဲလောက်ကျသင့်မှာပါ။

Nokia 8000 4G

Nokia 8000 4G ကိုလည်း ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး ၂.၈ လက်မ QVGA 320x240p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 2MP ကင်မရာ တပ်ဆင်ထားပြီး Snapdragon 210 Chipset မောင်းနှင်ထားပါတယ်။ 512MB RAM , 4GB Storage ထည့်ထားတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ WiFi Hotspot ၊ နားကြပ်ပေါက်နဲ့ FM Radio တွေ ပါလာပါတယ်။

ဘက်ထရီက 1,500mAh ဖြစ်ပြီး microUSB ကနေ အားသွင်းရမှာပါ။ Standby ထားရင် ၂၅ ရက်လောက် အသုံးခံပြီး Onyx Black ,  Citrine Gold , Opal White နဲ့ Topaz Blue ၄ ရောင်ထုတ်လုပ်ထားပါတယ်။ ၇၉ ယူရို သတ်မှတ်ထားပြီး ၁ သိန်း ၂ သောင်းလောက် ကျသင့်ပါတယ်။

Ref : gsmarena