HMD Global က Nokia 8.3 အမည်ရ 5G စမတ်ဖုန်း ၁ လုံးထဲပဲ ရောင်းချထားပြီး အမေရိကန်မှာ Nokia 8 V 5G UW လို့ ခေါ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ 5G စမတ်ဖုန်း ၄ လုံး ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာတဲ့အတွက် စုစုပေါင်း ၅ လုံး ဖြစ်သွားမှာပါ။

Nokia 8.3 5G Featured

NokiaPowerUser က ဒီနှစ်ထဲမှာ 5G စမတ်ဖုန်း ၄ လုံး ထုတ်လုပ်ရောင်းချမယ့် သတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး ၄ လုံးစလုံး တစ်ချိန်ထဲ ကြေညာမှာ မဟုတ်ပါဘူး။ ၂ လုံးကို ပထမနှစ်ဝက်နဲ့ နောက် ၂ လုံးကို ဒုတိယ နှစ်ဝက်မှာ ကြေညာနိုင်ပါတယ်။

Nokia 9.3 PureView, Nokia 7.3 5G, Nokia 6.3, Nokia 2.4, Nokia 3.4 launch timelines revealed

လက်ရှိမှာ အဲဒီ စမတ်ဖုန်းတွေရဲ့ အမည်ကို မသိရသေးပါဘူး။ ဒါပေမယ့် NokiaPowerUser က Nokia 5.4, Nokia 7.3, Nokia 8.3 နဲ့ Nokia 9 PureView တို့ရဲ့ မျိုးဆက် ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအတွက် နာမည်တွေကို အောက်ပါ အတိုင်း ပေးထားနိုင်ပါတယ်။

  • Nokia 5.5 5G
  • Nokia 7.4 5G
  • Nokia 8.4 5G
  • Nokia 9.x PureView

NokiaPowerUser က Nokia 7.4 5G ဟာ ပထမနှစ်ဝက်မှာ ကြေညာမယ့် ၂ လုံးထဲက ၁ လုံး ဖြစ်ပြီး Snapdragon 480 SoC မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ မကြာခင်က Nokia 6.3/6.4 တို့ရဲ့ သတင်းတွေ ထွက်လာခဲ့ပြီး ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။

Nokia 5G စမတ်ဖုန်း ၄ လုံးရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုသိလာရတော့မှာပါ။

Ref : gizmochina