HMD Global ကနေ Nokia စမတ်ဖုန်းတွေကို ပြောင်းလဲထုတ်လုပ်နေပြီးနောက်ပိုင်းမှာ Android Update တွေကလည်း တခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေထက် သိသိသာသာကို ပိုမြန်ဆန်တယ်ဆိုတာငြင်းလို့မရပါဘူး။ အခုလည်း HMD Global ကနေ Nokia 8 Sirocco ဖုန်းအတွက် Android 10 Update ကို ထုတ်ပေးလိုက်ပါပြီ။

Nokia 8 Sirocco စမတ်ဖုန်းဟာ Nokia 8 ဖုန်းကို မိတ်ဆက်ပြီး ၆ လအကြာမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး မိတ်ဆက်တဲ့ ၂၀၁၈ ခုနှစ်တုန်းက Android 8.0 Oreo ကိုပဲ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ အခု Android 10 Update ဟာ File Size အနေနဲ့ 1.38GB ရှိမှာဖြစ်သလို April 2020 Security Patch လည်းပါဝင်လာမယ်လို့ သိရပါတယ်။

အဓိကအသစ်ပါဝင်လာမယ့် Feature အသစ်တွေကိုတော့ အောက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် HMD Global ကနေ ဒီလိုမျိုး Android 10 Update ကို ဖုန်းတိုင်းအတွက် မြန်မြန်ဆန်ဆန် Update ထုတ်ပေးနေတာက Android OS Update ကို အနည်းဆုံး ၃ နှစ်လောက်လိုချင်တဲ့သူတွေအတွက်ကတော့ တော်တော်လေးကို အဆင်ပြေပါတယ်။

Ref – Gizmo China