[Zawgyi]
HMD Global က ဒီဇင္ဘာလ ၅ ရက္ေန႔မွာ ပြဲ ၁ ပြဲ က်င္းပမယ္လို႔ Nokia Mobile ရဲ႕ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ Nokia ဖုန္း အသစ္ ၁ လံုးကို မိတ္ဆက္မွာ ျဖစ္ပါတယ္။ မိတ္ဆက္မယ့္ ထုတ္ကုန္ အသစ္ဟာ ဘာျဖစ္မလဲ ဆိုတာ မသိရေသးေပမယ့္ ေအာက္ပါ ဖုန္းေတြထဲက ျဖစ္ႏုိင္ပါတယ္။
The newest addition to our family will be launched on 5 December 2019. ?Stay tuned to find out more! #NokiamobileLive pic.twitter.com/iYqPxyOTKP
— Nokia Mobile (@NokiaMobile) November 22, 2019
Nokia 8.2
Nokia 8.2 က ေၾကညာဖို႔ အလားအလာ အရွိဆံုး ဖုန္း ျဖစ္ပါတယ္။ HMD Global က ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ Nokia 8.1 ကို ေၾကညာခဲ့တဲ့အတြက္ အဲဒီဖုန္းရဲ႕ မ်ိဳးဆက္သစ္ကို လာမယ့္လမွာ ျမင္ရဖို႔ မ်ားပါတယ္။ ေနာက္ၿပီး ကုမၸဏီက ဒီႏွစ္ထဲမွာ Upper Mid-range ဖုန္း ၁ လံုးမွကို မေၾကညာရေသးပါဘူး။
Nokia 8.2 မွာ Qualcomm Snapdragon 735 Chipset ထည့္သြင္းထားႏုိင္ၿပီး Nokia ပြဲ မတိုင္ခင္ ရက္ပိုင္းအလို Qualcomm Tech Summit မွာ ေၾကညာႏုိင္ပါတယ္။ 8GB RAM / 256GB Storage အထိ ေမာ္ဒယ္မ်ားစြာ ေရြးခ်ယ္ႏုိင္မယ္လို႔ သတင္းထြက္ေနပါတယ္။ 64MP Quad Camera , Pop-up Selfie Camera ထည့္သြင္းထားႏုိင္ၿပီး ေစ်းေပါမယ့္ ဖုန္း မဟုတ္ပါဘူး။
Nokia 5.2
Nokia 2.1, Nokia 3.1, Nokia 6.1 နဲ႔ Nokia 7.1 တို႔ရဲ႕ မ်ိဳးဆက္သစ္ေတြကို ဒီႏွစ္ထဲမွာ ေၾကညာၿပီးပါၿပီ။ ဒါေပမယ့္ Nokia 5.1 ရဲ႕ မ်ိဳးဆက္သစ္ မထြက္လာေသးပါဘူး။ အဲဒီအတြက္ ေနာက္လပြဲမွာ အဲဒီ ဖုန္းကိုလည္းေၾကညာႏုိင္ပါတယ္။
Nokia 2.3
Nokia 2.3 ရဲ႕ သတင္းအခ်က္အလက္ေတြ ဒီလ အေစာပိုင္းက ထြက္ခဲ့ပါတယ္။ အေရာင္ ၃ မ်ိဳးထုတ္လုပ္ထားၿပီး ဇြန္လက ေၾကညာခဲ့တဲ့ Nokia 2.2 ထက္ အနည္းငယ္ ပိုစြမ္းရည္ျမင့္လာမယ္လို႔ သိရပါတယ္။
ေနာက္လပြဲမွာ အဲဒီ ဖုန္းေတြကို ေၾကညာႏုိင္ၿပီး ၁ လံုးထဲပဲ ဆိုရင္ Nokia 8.2 က ျဖစ္ႏုိင္ေျခအမ်ားဆံုးပါ။
Ref : gizmochina
[Unicode]
HMD Global က ဒီဇင်ဘာလ ၅ ရက်နေ့မှာ Nokia 8.2 ကို ကြေညာနိုင်
HMD Global က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပွဲ ၁ ပွဲ ကျင်းပမယ်လို့ Nokia Mobile ရဲ့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ Nokia ဖုန်း အသစ် ၁ လုံးကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ မိတ်ဆက်မယ့် ထုတ်ကုန် အသစ်ဟာ ဘာဖြစ်မလဲ ဆိုတာ မသိရသေးပေမယ့် အောက်ပါ ဖုန်းတွေထဲက ဖြစ်နိုင်ပါတယ်။
The newest addition to our family will be launched on 5 December 2019. ?Stay tuned to find out more! #NokiamobileLive pic.twitter.com/iYqPxyOTKP
— Nokia Mobile (@NokiaMobile) November 22, 2019
Nokia 8.2
Nokia 8.2 က ကြေညာဖို့ အလားအလာ အရှိဆုံး ဖုန်း ဖြစ်ပါတယ်။ HMD Global က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ Nokia 8.1 ကို ကြေညာခဲ့တဲ့အတွက် အဲဒီဖုန်းရဲ့ မျိုးဆက်သစ်ကို လာမယ့်လမှာ မြင်ရဖို့ များပါတယ်။ နောက်ပြီး ကုမ္ပဏီက ဒီနှစ်ထဲမှာ Upper Mid-range ဖုန်း ၁ လုံးမှကို မကြေညာရသေးပါဘူး။
Nokia 8.2 မှာ Qualcomm Snapdragon 735 Chipset ထည့်သွင်းထားနိုင်ပြီး Nokia ပွဲ မတိုင်ခင် ရက်ပိုင်းအလို Qualcomm Tech Summit မှာ ကြေညာနိုင်ပါတယ်။ 8GB RAM / 256GB Storage အထိ မော်ဒယ်များစွာ ရွေးချယ်နိုင်မယ်လို့ သတင်းထွက်နေပါတယ်။ 64MP Quad Camera , Pop-up Selfie Camera ထည့်သွင်းထားနိုင်ပြီး ဈေးပေါမယ့် ဖုန်း မဟုတ်ပါဘူး။
Nokia 5.2
Nokia 2.1, Nokia 3.1, Nokia 6.1 နဲ့ Nokia 7.1 တို့ရဲ့ မျိုးဆက်သစ်တွေကို ဒီနှစ်ထဲမှာ ကြေညာပြီးပါပြီ။ ဒါပေမယ့် Nokia 5.1 ရဲ့ မျိုးဆက်သစ် မထွက်လာသေးပါဘူး။ အဲဒီအတွက် နောက်လပွဲမှာ အဲဒီ ဖုန်းကိုလည်းကြေညာနိုင်ပါတယ်။
Nokia 2.3
Nokia 2.3 ရဲ့ သတင်းအချက်အလက်တွေ ဒီလ အစောပိုင်းက ထွက်ခဲ့ပါတယ်။ အရောင် ၃ မျိုးထုတ်လုပ်ထားပြီး ဇွန်လက ကြေညာခဲ့တဲ့ Nokia 2.2 ထက် အနည်းငယ် ပိုစွမ်းရည်မြင့်လာမယ်လို့ သိရပါတယ်။
နောက်လပွဲမှာ အဲဒီ ဖုန်းတွေကို ကြေညာနိုင်ပြီး ၁ လုံးထဲပဲ ဆိုရင် Nokia 8.2 က ဖြစ်နိုင်ခြေအများဆုံးပါ။
Ref : gizmochina