အခုနောက်ပိုင်းမှာ Nokia ဖုန်းတွေကို ပြန်လည်ထုတ်လုပ်ရောင်းချနေတဲ့ HMD Global ကနေ ပြီးခဲ့တဲ့ MWC Event မှာ Nokia ဖုန်းသစ်တွေကို မိတ်ဆက်သွားမယ်လို့ ကြေညာထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် MWC Event ကိုဖျက်သိမ်းလိုက်တဲ့အတွက် HMD ကနေ မမိတ်ဆက်နိုင်ခဲ့ဘဲဖြစ်သွားခဲ့ပါတယ်။

အခုအချိန်မှာတော့ HMD Global ကနေ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ London မှာ စမတ်ဖုန်းအသစ်တွေကို ပြန်လည်မိတ်ဆက်သွားမယ်ဆိုပြိး ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါတင်မဟုတ်သေးဘဲနဲ့ HMD Global ရဲ့ Chief Product Officer ဖြစ်တဲ့ Juho Sarvikas ကနေ Twitter Account မှာ အဆိုပါ Launch Event Teaser Video ကို “No Time To Wait” ဆိုပြီး တင်ထားခဲ့ပါသေးတယ်။ ယခု Teaser Video ဟာ မကြာခင် ပြသဖို့ရှိနေတဲ့ James Bond ရုပ်ရှင်ဖြစ်တဲ့ “No Time To Die” ဆိုတဲ့ စာသားနဲ့ တူညီနေတဲ့အပြင် James Bond ရဲ့ Intro Scene နဲ့ဆင်တူတဲ့အတွက် James Bond Edition Nokia ဖုန်းအသစ်တစ်လုံးလုံးများ မိတ်ဆက်လာနိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Nokia ဟာ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ Nokia 5.2 လိုမျိုး ဒေါ်လာ ၂၀၀ အောက် Mid Range ဖုန်းတွေအပြင် Keypad ဖုန်းအသစ်နဲ့ Nokia 8.2 5G လိုမျိုး Snapdragon 765 5G Processor ပါဝင်တဲ့ 5G ဖုန်းအသစ်ကိုပါ မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

Ref – Android Authority