လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံ Las Vagas မြို့မှာ နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ Consumer Electronics Show (CES) 2023 ကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ စမတ်ဖုန်းအပါအဝင် နည်းပညာအသစ်တွေအများအပြားကို တွေ့ရှိရတော့မှာဖြစ်ပါတယ်။

အခုလည်း အဆိုပါ CES 2023 Event မှာ Sony ကနေ အသစ်မိတ်ဆက်ဖို့စီစဥ်ထားတဲ့ နည်းပညာတစ်ခုကိုပါ ပြသသွားတော့မှာဖြစ်ပါတယ်။ ဒါကတော့ Sony နဲ့ Honda ကားကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား EV ကို ပထမဆုံးအကြိမ်အနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

 

Sony နဲ့ Honda ပူးပေါင်းထုတ်လုပ်မယ့် EV ကားနာမည်ကိုတော့ အတိအကျဖော်ပြခဲ့ခြင်းမရှိသေးဘဲ လောလောဆယ်မှာ အဆိုပါ ပူးပေါင်းမှာကို Sony Honda Mobility လို့ပဲ နာမည်တပ်ထားပါတယ်။ လက်ရှိထွက်ရှိထားတဲ့ Teaser Video မှာတော့ အဆိုပါ EV ကားအသစ်ကိုပဲ အနည်းငယ်ပြသထားပြီး အသေးစိတ်ကိုတော့ CES Event မှပဲ မြင်တွေ့ရဖွယ်ရှိနေပါတယ်။

အစောပိုင်း သတင်းတွေအရတော့ Sony ဟာ ယခု EV ကားအတွက် အဓိကအနေနဲ့ Infotainment ပိုင်းနဲ့ Entertainment ပိုင်းကိုပဲ အဓိကအာရုံစိုက်ထားပြီး ဝယ်ယူသူတွေအနေနဲ့ PlayStation 5 ကိုပါ ကားအတွင်းမှာဆော့ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားကားနဲ့သက်ဆိုင်တဲ့ထုတ်လုပ်မှုအပိုင်းတွေကိုတော့ Honda ကပဲ တာဝန်ယူထားမှာဖြစ်ပြီး နောက်ပိုင်း ပြင်ဆင်မှုတွေကိုလည်း Honda ကပဲ တာဝန်ယူသွားဖွယ်ရှိနေပါတယ်။

Ref – GSM Arena