Honda က Acura ZDX လျှပ်စစ်ကားကို ကြေညာလိုက်ပြီး ကုမ္ပဏီက Google Built-in ပါတဲ့ ပထမဆုံး လျှပ်စစ်ကားလို့ ပြောပါတယ်။

Google Built-in ဟာ ကားရဲ့ စနစ်ထဲ Google Automotive Services တိုက်ရိုက် ထည့်သွင်းထားတဲ့အတွက် သမားရိုးကျ Android Auto ထက် ပိုမို စွမ်းရည်မြင့်ပါတယ်။

Android Auto ကတော့ ဖုန်းရဲ့ Interface ကို ကားရဲ့ Display မှာ ပြသပေးတာပါ။ Android Automotive OS ဟာ Operating System ၁ ခုလုံးကို ထိန်းချုပ်ထားတဲ့အတွက် Google Built-in ဟာ အသုံးပြုရတာ ပိုမို ကောင်းမွန်ပါတယ်။

Honda Acura ZDX

Acura ZDX ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေထဲက ၁ ခုက အဆင့်မြင့် Google Maps Version ဖြစ်ပါတယ်။ အဆင့်မြင့် Navigation System က လျှပ်စစ်ကား မောင်းသူတွေအတွက် လမ်းကြောင်း စီစဉ်တာကို အကူအညီပေးနိုင်ပြီး လမ်းတစ်လျှောက်က အားသွင်းစက်တွေကို ပြသပေးပါတယ်။ ဒါ့အပြင် Google Maps က ဦးတည်ရာကို ရောက်ဖို့ လိုအပ်တဲ့ အားသွင်းချိန်ကို တွက်ချက်ပေးပါတယ်။

2024 Acura ZDX to bring integrated Google to brand – WDTN.com

အရင်က Honda ဟာ ကားတချို့မှာ Android Software ကို ထည့်သွင်းထားပါတယ်။ Google Built-in မှာတော့ Google ရဲ့ Services Suite အပြည့်အစုံကို သုံးနိုင်မှာပါ။ Acura ZDX မှာ Google Store ကနေ Google Assistant, Google Maps နဲ့ တခြား Google Apps တွေကို သုံးနိုင်ပါတယ်။

Google Built-in ပါတဲ့အပြင် Acura ZDX မှာ Apple CarPlay နဲ့ Android Auto တို့ကို အသုံးပြုနိုင်ပါတယ်။

Ref : gizmochina