Honor က 100 နဲ့ 100 Pro ကိုကြေညာလိုက်ပြီး Honor 100 ဟာ Snapdragon 7 Gen 3 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 100W Charging နဲ့ ဖုန်းလိုင်း ပိုမိစေတဲ့ RF Chip C1 ထည့်သွင်းထားပါတယ်။

Honor 100

Honor 100 မှာ 6.7” OLED 1220p မျက်နှာပြင် ထည့်သွင်းထားပြီး အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 12MP Ultrawide ကင်မရာ ၂ လုံးထဲ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 50MP ဖြစ်ပါတယ်။

Honor 100, 100 Pro arrive with 100W fast charging and custom-made chip for calls

C1 Chip က ဆက်သွယ်ရမယ့် အကောင်းဆုံး Cell Tower ကို နားလည်ပြီး WiFi ရတဲ့အခါမှာ ဖုန်းဟာ Network တွေကို အလိုအလျှောက် ပြောင်းလဲနိုင်ပါတယ်။ Honor က 100 Series ဖုန်းတွေဟာ မြန်နှုန်းမြင့် ရထားတွေ စီးတဲ့အခါ ဖုန်းပြောရင် လိုင်းငြိမ်တယ်လို့ ပြောပါတယ်။ မြေအောက်ရထားနဲ့ ဓါတ်လှေခါး အတွင်းမှာလည်း အင်တာနက်နဲ့ ဗီဒီယိုတွေဟာ ချောမွတ်ပါတယ်။

Honor 100, 100 Pro arrive with 100W fast charging and custom-made chip for calls

Honor 100 မှာ 5,000mAh Battery ပါလာပြီး Android 13 အခြေပြု MagicOS 7.2 မောင်းနှင်ထားပါတယ်။ 12/256GB ကို ၂,၄၉၉ ယွမ် (၃၅၀ ဒေါ်လာ) သတ်မှတ်ထားပြီး Black, White, Blue နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Honor 100 Pro

Honor 100 Pro မှာ ပိုကြီးတဲ့ 6.78” OLED မျက်နှာပြင်နဲ့ ပိုစွမ်းရည်မြင့်တဲ့ Snapdragon 8 Gen 2 Chip ထည့်သွင်းထားပါတယ်။ 50MP Main နဲ့ 12MP Ultrawide ကင်မရာတွေက တူညီပြီး 50x Zoom ရတဲ့ 32MP ကင်မရာ အပို ထည့်ထားပါတယ်။

Honor 100, 100 Pro arrive with 100W fast charging and custom-made chip for calls

Honor 100 Pro မှာ 5,000mAh Battery ပါလာပြီး 66W Wireless Charging အပို ထည့်ထားပါတယ်။ အပူလျှော့ချပေးတဲ့ VC Cooling နည်းပညာ ပါလာပြီး ကျန်တဲ့ Specs တွေဟာ Honor 100 နဲ့ တူညီပါတယ်။

Honor 100 Pro အတွက် Black , White, Blue နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၃,၃၉၉ ယွမ် (၄၈၀ ဒေါ်လာ) နဲ့ 16GB RAM/1TB Storage ကို ၄,၃၉၉ ယွမ် (၆၂၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena